[Zawgyi]
နံပါတ် ၂၀ မှ ၁၁ အထိ အကောင်းဆုံး စမတ်ဖုန်းများအား ကြည့်ရှု့ရန် >>> 20 to 11 best smartphones
၁၀. Samsung Galaxy S9
၉. Apple iPhone 8 Plus
၇. Apple iPhone X
၆. LG V40
၎. Samsung Galaxy Note 9
၂. Apple iPhone XR
၁. OnePlus 6T
Ref: Business Insider
[Unicode]
Business Insider က ဖော်ပြလိုက်တဲ့ ကမ္ဘာပေါ်မှာ အကောင်းဆုံး စမတ်ဖုန်း အလုံး ၂၀
အမေရိကန်နိုင်ငံ အခြေစိုက် မီဒီယာကြီးတစ်ခုဖြစ်တဲ့ Business Insider ဟာ အကောင်းဆုံးလို့ ယူဆရတဲ့ စမတ်ဖုန်း အလုံး ၂၀ကို ရွေးချယ်ဖော်ပြလာပါတယ်။ စမတ်ဖုန်း အလုံး ၂၀ရဲ့ စာရင်းကိုတော့ အောက်မှာ ကြည့်ရှု့နိုင်ပါတယ်။
နံပါတ် ၂၀ မှ ၁၁ အထိ အကောင်းဆုံး စမတ်ဖုန်းများအား ကြည့်ရှု့ရန် >>> 20 to 11 Best Smartphones
၁၀. Samsung Galaxy S9
Galaxy S8 မှာ နေရာ အထားအသို လိုအပ်ချက်ရှိခဲ့တဲ့ Fingerprint Sensor ကို Galaxy S9 မှာ ပြန်ပြောင်းခဲ့ပါတယ်။ Galaxy S9 နဲ့ S9 Plus အဓိက ကွာခြားသွားတဲ့အချက်က Galaxy S9 Plus မှာ Dual Rear Camera Setup တပ်ဆင်ထားပြီး Galaxy S9 မှာတော့ Single Camera ကိုသာ တပ်ဆင်ထားတာ ဖြစ်ပါတယ်။
ဈေးနှုန်း – ကန်ဒေါ်လာ ၇၂၀ (မြန်မာငွေ ၁၁သိန်း ဝန်းကျင်)
၉. Apple iPhone 8 Plus
iPhone 8 Plus ဟာ iPhone X နဲ့အတူ ၂၁၀၇ခုနှစ် စက်တင်ဘာလတုန်းက ပွဲထွက်ခဲ့တဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ Fast Charging နဲ့ Wireless Charging တွေကို အသုံးပြုလို့ရတဲ့ စမတ်ဖုန်းဖြစ်ပြီး Apple Physical Home Button တွေရဲ့ နောက်ဆုံးမျိူးဆက်ဖြစ်ပါတယ်။
ဈေးနှုန်း – ကန်ဒေါ်လာ ၇၀၀ (မြန်မာငွေ ၁၀၇,၀၀၀၀ ဝန်းကျင်)
၈. Samsung Galaxy S9 Plus
Galaxy S9 ထက် Screen Size ပိုကြီးပိုး 2X Optical Zoom Camera တစ်လုံးပိုပါတဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။
ဈေးနှုန်း – ကန်ဒေါ်လာ ၈၄၀ (မြန်မာငွေ ၁၃သိန်း ဝန်းကျင်)
၇. Apple iPhone X
ဒီဇိုင်းနဲ့ နည်းပညာပိုင်း ပြောင်းလဲမှု အကြီးကြီး ပြုလုပ်ခဲ့တဲ့ စမတ်ဖုန်းပါ။ Touch ID ပါတဲ့ Fingerprint Sensor ကို ဖြုတ်ချခဲ့ပြီး Face ID ဘက်ကို စတင်ကူးပြောင်းခဲ့တဲ့ စမတ်ဖုန်းပါ။ Notch ဒီဇိုင်းကို စတင်တီထွင်ခဲ့တာ မဟုတ်ပေမယ့် Notch ဒီဇိုင်းတွေ ရေပန်းစားလာအောင် ပြုလုပ်ပေးခဲ့တဲ့ စမတ်ဖုန်းပါ။
ဈေးနှုန်း – ကန်ဒေါ်လာ ၉၀၀ (မြန်မာငွေ ၁၄သိန်း ဝန်းကျင်)
၆. LG V40
Rear Camera ၃လုံးပါတဲ့ LG ရဲ့ ၂၀၁၈ခုနှစ်ထုတ် Flagship စမတ်ဖုန်းပါ။ Resolution 1440 x 3120 pixels ရှိတဲ့ P-OLED Display ကို အသုံးပြုထားပြီး Snapdragon 845 SoC ကို အသုံးပြုထားတာ ဖြစ်ပါတယ်။
ဈေးနှုန်း – ကန်ဒေါ်လာ ၉၅၀ (မြန်မာငွေ ၁၄၅,၀၀၀၀ ဝန်းကျင်)
၅. Apple iPhone XS and iPhone XS Max
Super AMOLED Display တွေကို အသုံးပြုထားကြပြီး IP68 လက်မှတ် ရရှိထားတဲ့ စမတ်ဖုန်းတွေဖြစ်ကြပါတယ်။ Apple A12 Bionic (7nm) Chip တွေကို အသုံးပြုထားပြီး 12MP Dual Camera Setup ကို နောက်ကျောဘက်မှာ တပ်ဆင်ထားကြပါတယ်။
iPhone XS ဈေးနှုန်း – ကန်ဒေါ်လာ ၁၀၀၀ ( မြန်မာငွေ ၁၅သိန်း ဝန်းကျင်)
iPhone XS Max ဈေးနှုန်း – ကန်ဒေါ်လာ ၁၁၀၀ (မြန်မာငွေ ၁၆သိန်းခွဲ ဝန်းကျင်)
၄. Samsung Galaxy Note 9
Samsung Galaxy Note စီးရီးတွေထဲမှာ အမိုက်ဆုံးနဲ့ အလန်းဆုံး ဖုန်းတစ်လုံးလို့ ပြောရမှာပါ။ အကျိူးရှိရှိ အသုံးပြုလို့ရမယ့် Bluetooth Note Pen ပါဝင်တဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။
ဈေးနှုန်း – ကန်ဒေါ်လာ ၁၀၀၀ (မြန်မာငွေ ၁၅သိန်း ဝန်းကျင်)
၃. Google Pixel 3 and Pixel 3 XL
တရားဝင် မိတ်မဆက်ခင် ကတည်းက Hands On Video တွေရော၊ Review Video တွေပါ ထွက်ပေါ်ခဲ့တဲ့ စမတ်ဖုန်းတွေ ဖြစ်ပါတယ်။ ရုပ်ဆိုးလှတဲ့ Pixel 3 XL ရဲ့ Notch ကြီးကြောင့် လူအများရဲ့ လှောင်ပြောင်ခြင်းကိုလည်း ခံခဲ့ရပါတယ်။ ဒါပေမယ့် ကင်မရာ တစ်လုံးတည်းနဲ့ အကောင်းဆုံးသော ဓာတ်ပုံအရည်အသွေးတွေကို ဖန်တီးနိုင်တာဆိုလို့ Google ရဲ့ Pixel ဖုန်းတွေပဲ ရှိပါတယ်။ ယခုအခါမှာတော့ Pixel 3 စီးရီးကို ကန်ဒေါ်လာ ၂၀၀ အထိ ဈေးလျှော့ ရောင်းနေပြီ ဖြစ်ပါတယ်။
Pixel 3 ဈေးနှုန်း – ကန်ဒေါ်လာ ၅၉၉ (မြန်မာငွေ ၉သိန်း ဝန်းကျင်)
Pixel 3 XL ဈေးနှုန်း – ကန်ဒေါ်လာ ၆၉၉ (မြန်မာငွေ ၁၀၇,၀၀၀၀ ဝန်းကျင်)
၂. Apple iPhone XR
iPhone XR ဟာ နောက်ဆုံးထွက် မော်ဒယ်ကို နောက်ဆုံးပေါ် Features တချိူ့နဲ့အတူ ဈေးသက်သက်သာသာနဲ့ ဝယ်ယူနိုင်အောင် Apple က ထုတ်လုပ်ပေးထားတဲ့ စမတ်ဖုန်းပါ။ ဒါပေမယ့် မျှော်မှန်းထားသလောက် အောင်မြင်မှု မရရှိခဲ့တဲ့ စမတ်ဖုန်းလို့ ပြောမယ်ဆိုရင်လည်း မမှားပါဘူး။
ဈေးနှုန်း – ကန်ဒေါ်လာ ၇၅၀ ( မြန်မာငွေ ၁၁သိန်းခွဲ ဝန်းကျင်)
၁. OnePlus 6T
OnePlus 6T ရဲ့ အကြောင်းကိုတော့ ထွေထွေထူးထူး ပြောစရာလိုအပ်မယ် မထင်ပါဘူး။ ကင်မရာ အရည်အသွေးနဲ့ စွမ်းဆောင်ရည်အပိုင်းမှာ အကောင်းဆုံး၊ ထိပ်ဆုံးက မဟုတ်ပေမယ့် ညံ့တဲ့အထဲမှာ မပါသလို ဈေးနှုန်းအားဖြင့်လည်း သင့်တော်တဲ့ စမတ်ဖုန်း တစ်လုံးဖြစ်ပါတယ်။
ဈေးနှုန်း – ကန်ဒေါ်လာ ၅၅၀ (မြန်မာငွေ ၈သိန်းခွဲ ဝန်းကျင်)
(အထက်ဖော်ပြပါ ဈေးနှုန်းများသည် Business Insider မှဖော်ပြထားသော နိုင်ငံတကာ ဈေးနှုန်းများဖြစ်သောကြောင့် ပြည်တွင်းဈေးနှုန်းများနှင့် အနည်းငယ် ကွာခြားနိုင်သည်)
Ref: Business Insider