[Zawgyi]
၂၀. BlackBerry Key2
ဈေးနှုန်း – ကန်ဒေါ်လာ ၆၀၆ (မြန်မာငွေ ၉သိန်း ဝန်းကျင်)
၁၉. Motorola Moto Z3
ဈေးနှုန်း – ကန်ဒေါ်လာ ၃၉၉ (မြန်မာငွေ ၆သိန်း ဝန်းကျင်)
၁၈. Motorola Moto G6
ဈေးနှုန်း – ကန်ဒေါ်လာ ၁၈၀ (မြန်မာငွေ ၂၇၅,၀၀၀ ဝန်းကျင်)
၁၇. Apple iPhone 7 Plus
သက်တမ်းအားဖြင့် ၂နှစ်ကျော် ၃နှစ်ထဲကို ရောက်ရှိလာပြီဆိုပေမယ့် အခုချိန်ထိ နုပျိုနေဆဲ ဖုန်းတစ်လုံးပါ။ Dual Camera Setup ဖုန်းအမျိုးအစားဖြစ်ပြီး Wide Lens နဲ့ 2x Optical Zoom ဆွဲလို့ရတဲ့ Telephoto Lens တွေကို တပ်ဆင်ပေးထားပါတယ်။
ဈေးနှုန်း – ကန်ဒေါ်လာ ၅၇၀ (မြန်မာငွေ ၈၇၀,၀၀၀ ဝန်းကျင်)
၁၆. Galaxy S8 and S8 Plus
Galaxy S8 ဈေးနှုန်း – ကန်ဒေါ်လာ ၆၀၀ (မြန်မာငွေ ၉သိန်း ဝန်းကျင်)
Galaxy S8 Plus ဈေးနှုန်း – ကန်ဒေါ်လာ ၆၉၀ (မြန်မာငွေ ၁,၀၅၀,၀၀၀ ဝန်းကျင်)
၁၅. HTC U12+
ဈေးနှုန်း – ကန်ဒေါ်လာ ၈၀၀ (မြန်မာငွေ ၁၂သိန်း ဝန်းကျင်)
၁၄. Razer Phone 2
ဈေးနှုန်း – ကန်ဒေါ်လာ ၆၅၀ (မြန်မာငွေ ၁၀သိန်း ဝန်းကျင်)
၁၃. LG G7
ဈေးနှုန်း – ကန်ဒေါ်လာ ၆၃၀ (မြန်မာငွေ ၉သိန်းခွဲ ဝန်းကျင်)
၁၂. Apple iPhone 8
ဈေးနှုန်း – ကန်ဒေါ်လာ ၆၀၀ (မြန်မာငွေ ၉သိန်း ဝန်းကျင်)
၁၁. Huawei Mate 20 Pro
ဈေးနှုန်း – ကန်ဒေါ်လာ ၉၉၀ (မြန်မာငွေ ၁၅သိန်း ဝန်းကျင်)
နံပါတ် ၁၀ မှ ၁ အထိ အကောင်းဆုံး စမတ်ဖုန်းများအား ကြည့်ရှု့ရန် >>>  10 to 1 Best Smartphones
(အထက်ဖော်ပြပါ ဈေးနှုန်းများသည် Business Insider မှဖော်ပြထားသော နိုင်ငံတကာ ဈေးနှုန်းများဖြစ်သောကြောင့် ပြည်တွင်းဈေးနှုန်းများနှင့် အနည်းငယ် ကွာခြားနိုင်သည်)
Ref: Business Insider
[Unicode]
Business Insider က ဖော်ပြလိုက်တဲ့ ကမ္ဘာပေါ်မှာ အကောင်းဆုံး စမတ်ဖုန်း အလုံး ၂၀
အမေရိကန်နိုင်ငံ အခြေစိုက် မီဒီယာကြီးတစ်ခုဖြစ်တဲ့ Business Insider ဟာ အကောင်းဆုံးလို့ ယူဆရတဲ့ စမတ်ဖုန်း အလုံး ၂၀ကို ရွေးချယ်ဖော်ပြလာပါတယ်။ စမတ်ဖုန်း အလုံး ၂၀ရဲ့ စာရင်းကိုတော့ အောက်မှာ ကြည့်ရှု့နိုင်ပါတယ်။
၂၀. BlackBerry Key2
BlackBerry Key2 ကတော့ ဘယ်ဖုန်းအမျိူးအစားနဲ့မှ မတူဘဲ တမူကွဲထွက်နေတဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ Touch Screen နဲ့အတူ Physical Keyboard ကို ထည့်သွင်း အသုံးပြုထားတဲ့ စမတ်ဖုန်းလည်း ဖြစ်ပါတယ်။ အခုနောက်ပိုင်း Hollywood ဇာတ်ကားတွေထဲမှာဆိုရင် အဆိုပါ စမတ်ဖုန်းတွေကို မြင်တွေ့လာရပါတယ်။
စျေးနှုန်း – ကန်ဒေါ်လာ ၆၀၆ (မြန်မာငွေ ၉သိန်း ဝန်းကျင်)
၁၉. Motorola Moto Z3
Moto Z3 က ထူးခြားချက်ကတော့ Moto Mod လို့ခေါ်တဲ့ Features တွေ ထပ်ပေါင်း ထပ်ဆင်လို့ ရတာပါ။ Moto Z3 မှာ Projector, Extra Loud Speaker နဲ့ ပိုကြီးတဲ့ Battery တွေကို ထပ်ပေါင်း တပ်ဆင်နိုင်ပါတယ်။ ဒါ့အပြင် Moto Z3 က 5G Module ကိုလည်း ဖုန်းအသစ် တစ်လုံး သီးသန့်ဝယ်ယူစရာ မလိုဘဲ ထပ်ပေါင်း တပ်ဆင်နိုင်ဦးမယ်လို့ သိရပါတယ်။
စျေးနှုန်း – ကန်ဒေါ်လာ ၃၉၉ (မြန်မာငွေ ၆သိန်း ဝန်းကျင်)
၁၈. Motorola Moto G6
Moto G6 ကတော့ Snapdragon 450 SoC ကို အသုံးပြုထားတဲ့ Motorola ရဲ့ Budget စမတ်ဖုန်း ဖြစ်ပါတယ်။ Motoraola တံဆိပ်ထဲက လိုချင်တယ်၊ စျေးအများကြီး မပေးချင်ဘူးဆိုသူတွေအတွက် သင့်တော်နိုင်ပါတယ်။
စျေးနှုန်း – ကန်ဒေါ်လာ ၁၈၀ (မြန်မာငွေ ၂၇၅,၀၀၀ ဝန်းကျင်)
၁၇. Apple iPhone 7 Plus
သက်တမ်းအားဖြင့် ၂နှစ်ကျော် ၃နှစ်ထဲကို ရောက်ရှိလာပြီဆိုပေမယ့် အခုချိန်ထိ နုပျိူနေဆဲ ဖုန်းတစ်လုံးပါ။ Dual Camera Setup ဖုန်းအမျိူးအစားဖြစ်ပြီး Wide Lens နဲ့ 2x Optical Zoom ဆွဲလို့ရတဲ့ Telephoto Lens တွေကို တပ်ဆင်ပေးထားပါတယ်။
စျေးနှုန်း – ကန်ဒေါ်လာ ၅၇၀ (မြန်မာငွေ ၈၇၀,၀၀၀ ဝန်းကျင်)
၁၆. Galaxy S8 and S8 Plus
Samsung ရဲ့ Galaxy S8 စီးရီးဟာ Infinity Display ဆိုတဲ့ နည်းပညာနဲ့ ဒီဇိုင်းပိုင်း ဆန်းသစ်ပြောင်းလဲမှုတွေကြောင့် အောင်မြင်မှုများစွာ သိမ်းပိုက်နိုင်ခဲ့ကြပါတယ်။ ဒါပေမယ့် နောက်ကျောဘက်က Fingerprint Sensor ဟာ နေရာ အထားအသို မမှန်တဲ့ အားနည်းချက်လေးတော့ ရှိနေပါတယ်။
Galaxy S8 စျေးနှုန်း – ကန်ဒေါ်လာ ၆၀၀ (မြန်မာငွေ ၉သိန်း ဝန်းကျင်)
Galaxy S8 Plus စျေးနှုန်း – ကန်ဒေါ်လာ ၆၉၀ (မြန်မာငွေ ၁,၀၅၀,၀၀၀ ဝန်းကျင်)
၁၅. HTC U12+
ရှေ့/နောက် Dual Camera Setup ကို တပ်ဆင်ထားတာဖြစ်ပြီး Snapdragon 845 SoC ကို အသုံးပြုခဲ့တဲ့ HTC ရဲ့ Flagship စမတ်ဖုန်း ဖြစ်ပါတယ်။ ဒါ့အပြင် Water and Dust Resistance မှာလည်း IP68 ရရှိထားပါသေးတယ်။
စျေးနှုန်း – ကန်ဒေါ်လာ ၈၀၀ (မြန်မာငွေ ၁၂သိန်း ဝန်းကျင်)
၁၄. Razer Phone 2
မိုဘိုင်းဖုန်းလောကမှာ Gaming စမတ်ဖုန်းတွေ ခေတ်စားလာအောင် လမ်းဖောက်ပေးခဲ့တဲ့ Razer ရဲ့ ဒုတိယ မျိူးဆက် စမတ်ဖုန်းပါ။ ဒါ့အပြင် Refresh Rate 120Hz အထိ ထောက်ပံ့ပေးနိုင်တဲ့ Screen ကို အသုံးပြုထားတဲ့ စမတ်ဖုန်းလည်း ဖြစ်ပါတယ်။
စျေးနှုန်း – ကန်ဒေါ်လာ ၆၅၀ (မြန်မာငွေ ၁၀သိန်း ဝန်းကျင်)
၁၃. LG G7
Wireless Charging နဲ့ IP68 တွေပါတဲ့ LG ရဲ့ Flagship စမတ်ဖုန်းပါ။ Business Insider ကတော့ LG G7 ရဲ့ Speaker ဟာ သူတွေ့ဖူးသမျှထဲမှာ အကျယ်ဆုံး Speaker ဖြစ်ကြောင်း ချီးမွမ်းထားပါတယ်။ ဒါ့အပြင် Headphone နဲ့ နားထောင်တဲ့အခါမှာလည်း အကောင်းဆုံး အရည်အသွေးကို ပေးစွမ်းနိုင်တယ်လို့ ဆိုထားပါတယ်။
စျေးနှုန်း – ကန်ဒေါ်လာ ၆၃၀ (မြန်မာငွေ ၉သိန်းခွဲ ဝန်းကျင်)
၁၂. Apple iPhone 8
Physical Home Button ပါတဲ့ နောက်ဆုံး မျိူးဆက်ပါ။ iPhone XR (2018) အစား iPhone 8 (2017) ကိုသာ ဝယ်သင့်ကြောင်း ညွှန်းဆိုခြင်း ခံရတဲ့ စမတ်ဖုန်း တစ်လုံးလည်း ဖြစ်ပါတယ်။
စျေးနှုန်း – ကန်ဒေါ်လာ ၆၀၀ (မြန်မာငွေ ၉သိန်း ဝန်းကျင်)
၁၁. Huawei Mate 20 Pro
ကမ္ဘာ့ပထမဦးဆုံးဆိုတဲ့ ခေါင်းစဥ်ပေါင်းများစွာနဲ့ ပွဲထွက်ခဲ့တဲ့ စမတ်ဖုန်းဖြစ်သလို Huawei ရဲ့ အပြောင်မြောက်ဆုံး လက်ရာတစ်ခုလည်း ဖြစ်ပါတယ်။
စျေးနှုန်း – ကန်ဒေါ်လာ ၉၉၀ (မြန်မာငွေ ၁၅သိန်း ဝန်းကျင်)
နံပါတ် ၁၀ မှ ၁ အထိ အကောင်းဆုံး စမတ်ဖုန်းများအား ကြည့်ရှု့ရန် >>> 10 to 1 best smartphones
(အထက်ဖော်ပြပါ စျေးနှုန်းများသည် Business Insider မှဖော်ပြထားသော နိုင်ငံတကာ စျေးနှုန်းများဖြစ်သောကြောင့် ပြည်တွင်းစျေးနှုန်းများနှင့် အနည်းငယ် ကွာခြားနိုင်သည်)
Ref: Business Insider