Apple ကနေ High End Tablet အမျိုးအစားဖြစ်တဲ့ iPad Pro တွေကို ဒီနှစ်မှာတော့ Camera ပိုင်းအဆင့်မြှင့်တင်မှုတွေအများအပြား ပြုလုပ်ပြီးမိတ်ဆက်လာတော့မှာဖြစ်ပါတယ်။ DigiTimes ကတော့ အဆိုပါ 2020 iPad Pro အသစ်တွေကို ထုတ်လုပ်မှုစတင်နေပြီလို့ ဖော်ပြခဲ့ပါတယ်။

DigiTimes ရဲ့ ဖော်ပြချက်အရတော့ 2020 iPad Pro 11-inches နဲ့ 12.9-inches Model ၂ မျိုးလုံးကို ထုတ်လုပ်နေပြီဖြစ်ပြီး လာမယ့် မတ်လအတွင်းမှာ မိတ်ဆက်သွားဖို့ စီစဥ်ထားတယ်လို့ သိရပါတယ်။ အခုလိုမျိုး အချိန်စောပြီး ထုတ်လုပ်နေတာကလည်း Apple ကနေ အဆိုပါ Event မှာ iPhone 9 နဲ့ AirPods Lite လိုမျိုး Product အသစ်တွေကိုပါ မိတ်ဆက်သွားဖို့ရှိနေတာကြောင့်ဖြစ်ပါတယ်။

2020 iPad Pro အသစ်တွေဟာ Camera ပိုင်းမှာ လက်ရှိ iPhone 11 Pro စမတ်ဖုန်းတွေလိုမျိုးပဲ Triple Camera Setup ကို အသုံးပြုလာမှာဖြစ်ပြီး 12MP Wide Camera ၊ 12MP Telephoto Camera နဲ့ 12MP Ultrawide Camera တွေပါဝင်လာမှာဖြစ်ပါတယ်။ အချို့သော သတင်းတွေအရ Telephoto (သို့) Ultrawide Camera အစား Time of Flight (ToF) Camera ကို ထည့်သွင်းလာမယ်လို့ သိရပါတယ်။ ဘာပဲဖြစ်ဖြစ် ယခင် iPad တွေနဲ့ယှဥ်ရင် Camera ပိုင်းအရ သိသိသာသာကို တိုးတက်လာမှာပါ။

ကျန်တဲ့အပိုင်းတွေအနေနဲ့ကတော့ 2018 iPad Pro တွေနဲ့ တူညီတဲ့ Design ၊ Display နဲ့ Face ID Feature တွေပါဝင်မှာဖြစ်ပြီး Performance ပိုင်းမှာတော့ Apple iDevice တွေထဲမှာ စွမ်းဆောင်ရည်အကောင်းဆုံးဖြစ်လာမယ့် A13X Bionic Chip ကို အသုံးပြုလာမှာပါ။ RAM အနေနဲ့ အနည်းဆုံး 4GB ပါဝင်လာနိုင်ပြီး Storage ကိုလည်း 64GB ကနေ 1TB အထိ ရွေးချယ်နိုင်မှာဖြစ်ပါတယ်။

Ref – Phone Arena