Apple ကနေ ယခု ၂၀၂၀ ခုနှစ်မှာ 5G ကို Support ပြုလုပ်တဲ့ ပထမဆုံး iPhone အသစ်တွေကို မိတ်ဆက်သွားတော့မှာပါ။ အဆိုပါ iPhone အသစ်တွေမှာ Qualcomm X55 Modem တွေကို အသုံးပြုလာမယ်ဆိုပေမယ့် နောက်ဆုံးသိရတဲ့သတင်းတွေအရ Apple က Qualcomm အပေါ်မှီခိုမှုကို လျော့ချဖို့စီစဥ်နေပုံပါပဲ။

ဘာကြောင့်လဲဆိုရင် Fast Company ရဲ့ Report တစ်ခုအရ Apple ဟာ iPhone အသစ်တွေရဲ့ 5G Antenna တွေကို Qualcomm ရဲ့ ရှိပြီးသား Hardware တွေအစား ကိုယ်တိုင် Design ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ဒီလိုမျိုး ကိုယ်တိုင် Design ပြုလုပ်သွားမယ့်အကြောင်းအရင်းကတော့ Qualcomm ရဲ့လက်ရှိ QTM525 Antenna တွေဟာ 5G မှာမှ ပိုမိုမြန်ဆန်တဲ့ mmWave Version အတွက်အထူးပြုလုပ်ထားတာဖြစ်တဲ့အတွက် Apple iPhone တွေပါးလွှာတဲ့အရွယ်အစားအတွက် ကြီးလွန်းနေတာကြောင့်ဖြစ်ပါတယ်။ အဲ့ဒီအတွက် Apple ကနေ iPhone အသစ်တွေရဲ့ Design ပိုင်းကို မထိခိုက်နိုင်မယ့် ကိုယ်တိုင် Design ပြုလုပ်သွားမှာဖြစ်ပါတယ်။

5G mmWave Version ဟာဆိုရင် Network Speed အရ အလွန်မြန်ဆန်မှာဖြစ်ပေမယ့် Range ဖမ်းယူနိုင်မှုမှာတော့ အားနည်းသွားတဲ့အတွက် ဖုန်းမှာ mmWave Antenna အများအပြားတပ်ဆင်ဖို့လည်း လိုအပ်နေတာဖြစ်ပါတယ်။ Apple အနေနဲ့ လုံးဝကျိန်းသေ ကိုယ်ပိုင် 5G Antenna တွေကိုပဲ အသုံးပြုဖို့ထက် ပါးလွှာပြီး ကိုယ်ပိုင် Antenna တွေအသုံးပြုထားတဲ့ Design နဲ့ Qualcomm Antenna ပါဝင်ပြီး ပိုထူတဲ့ Design ၂ ခုစလုံးကို စမ်းသပ်ထုတ်လုပ်သွားဖို့ ရှိနေတာလည်းဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Apple က Intel ရဲ့ 5G Modem Business တစ်ခုလုံးကိုလည်း ဝယ်ယူထားတဲ့အတွက် နောက်ပိုင်းမှာတော့ iPhone တွေမှာ SoC လိုမျိုးပဲ 5G Modem နဲ့ Antenna တွေကလည်း ကိုယ်ပိုင်ဖြစ်လာတော့မှာပါ။

Ref – The Verge