[Unicode]

Apple နဲ့ပတ်သက်ပြီး နောက်ထပ်နာမည်ကြီး ဆန်းစစ်လေ့လာသူတစ်ဦးဖြစ်တဲ့ Macotakara က လာမယ့် iPhone သစ်တွေနဲ့ပတ်သက်တဲ့ အကြောင်းအရာအချို့ကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ Macotakara ရဲ့အစီရင်ခံစာအရ iPhone သစ်တွေရဲ့ ဒီဇိုင်းတွေဟာ Ming-Chi Kuo ရဲ့ ဖော်ပြချက်တွေနဲ့ မကွာခြားဘဲ အတူတူပဲဖြစ်လိမ့်မယ်လို့ ဆိုနိုင်ပါတယ်။

iPhone 12 lineup ဟာ တူညီတဲ့ပုံစံရှိမယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ 5.4-inch မော်ဒယ်ကတော့ iPhone SE နဲ့ iPhone 8 အကြားမှာရှိမယ်လို့ ဆိုပါတယ်။ 6.1-inch မော်ဒယ်ကတော့ iPhone 11 နဲ့ 11 Pro Max အကြားမှာရှိမယ်လို့ ဆိုပါတယ်။ အကြီးမားဆုံး 6.7-inch အမျိုးအစားကတော့ လက်ရှိ 11 Pro Max ထက် ပိုရှည်မယ်လို့ ခန့်မှန်းထားပါတယ်။

သတင်းအရ Apple ဟာ လက်ရှိ 11 Pro Max ထက်ပိုကြီးမယ့် အာရုံခံကိရိယာကိုလည်း iPhone သစ်တွေမှာ ထည့်သွင်းလာမယ်လို့ သိရပါတယ်။ iPhone သစ်တွေရဲ့ အထူနဲ့ပတ်သက်ပြီးတော့လည်း 6.7-inch iPhone သစ်ဟာ 7.4mm အထူပဲ ရှိတော့မယ်လို့ ဆိုပါတယ်။ ဒါဟာ 8.1mm အထူရှိတဲ့ iPhone 11 Pro Max ထက် ပါးသွားတယ်လို့ ဆိုရမှာပါ။

ဒီဇိုင်းပိုင်းကိုဖယ်ထားမယ်ဆိုရင် Macotakara ရဲ့ အစီရင်ခံစာပါအချက်အလက်အတော်များများဟာ Ming-Chi Kuo ဆီက ကြားခဲ့ရသမျှနဲ့ အတူတူလောက်ပါပဲ။ iPhone သစ် အမျိုးအစားအားလုံးမှာ OLED panel တွေနဲ့ဖြစ်ပြီး ကင်မရာတပ်ဆင်ပုံကတော့ ကွဲပြားကြပါလိမ့်မယ်။

5.4-inch ဟာ ကင်မရာ ၂ လုံးနဲ့ဖြစ်ပြီး၊ 6.1-inch ကတော့ နှစ်မျိုးလာမယ်လို့ ဆိုပါတယ်။ တစ်မျိုးက ကျောဘက်ကင်မရာ ၂ လုံးဖြစ်ပြီး၊ နောက်တစ်မျိုးကတော့ ၃ လုံးဖြစ်ပါလိမ့်မယ်။ 6.7-inch မော်ဒယ်ကတော့ ကျောဘက်ကင်မရာ ၃ လုံး တပ်ဆင်ထားမယ်လို့ ဆိုပါတယ်။ ဈေးကြီးတဲ့အမျိုးအစားတွေဖြစ်တဲ့ ကင်မရာ ၃ လုံးနဲ့ 6.1-inch ရယ်၊ 6.7-inch အမျိုးအစားတွေမှာ 3D ToF အာရုံခံကိရိယာတွေလည်း ပါဝင်မယ်လို့ဆိုပါတယ်။

Ref: GSM Arena

[Zawgyi]

2020 iPhone ေတြရဲ႕ အ႐ြယ္အစားအေၾကာင္း သတင္းထြက္ေပၚလာ

Apple နဲ႔ပတ္သက္ၿပီး ေနာက္ထပ္နာမည္ႀကီး ဆန္းစစ္ေလ့လာသူတစ္ဦးျဖစ္တဲ့ Macotakara က လာမယ့္ iPhone သစ္ေတြနဲ႔ပတ္သက္တဲ့ အေၾကာင္းအရာအခ်ိဳ႕ကို ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ Macotakara ရဲ႕အစီရင္ခံစာအရ iPhone သစ္ေတြရဲ႕ ဒီဇိုင္းေတြဟာ Ming-Chi Kuo ရဲ႕ ေဖာ္ျပခ်က္ေတြနဲ႔ မကြာျခားဘဲ အတူတူပဲျဖစ္လိမ့္မယ္လို႔ ဆိုႏိုင္ပါတယ္။

iPhone 12 lineup ဟာ တူညီတဲ့ပုံစံရွိမယ္လို႔ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။ 5.4-inch ေမာ္ဒယ္ကေတာ့ iPhone SE နဲ႔ iPhone 8 အၾကားမွာရွိမယ္လို႔ ဆိုပါတယ္။ 6.1-inch ေမာ္ဒယ္ကေတာ့ iPhone 11 နဲ႔ 11 Pro Max အၾကားမွာရွိမယ္လို႔ ဆိုပါတယ္။ အႀကီးမားဆုံး 6.7-inch အမ်ိဳးအစားကေတာ့ လက္ရွိ 11 Pro Max ထက္ ပိုရွည္မယ္လို႔ ခန႔္မွန္းထားပါတယ္။

သတင္းအရ Apple ဟာ လက္ရွိ 11 Pro Max ထက္ပိုႀကီးမယ့္ အာ႐ုံခံကိရိယာကိုလည္း iPhone သစ္ေတြမွာ ထည့္သြင္းလာမယ္လို႔ သိရပါတယ္။ iPhone သစ္ေတြရဲ႕ အထူနဲ႔ပတ္သက္ၿပီးေတာ့လည္း 6.7-inch iPhone သစ္ဟာ 7.4mm အထူပဲ ရွိေတာ့မယ္လို႔ ဆိုပါတယ္။ ဒါဟာ 8.1mm အထူရွိတဲ့ iPhone 11 Pro Max ထက္ ပါးသြားတယ္လို႔ ဆိုရမွာပါ။

ဒီဇိုင္းပိုင္းကိုဖယ္ထားမယ္ဆိုရင္ Macotakara ရဲ႕ အစီရင္ခံစာပါအခ်က္အလက္အေတာ္မ်ားမ်ားဟာ Ming-Chi Kuo ဆီက ၾကားခဲ့ရသမွ်နဲ႔ အတူတူေလာက္ပါပဲ။ iPhone သစ္ အမ်ိဳးအစားအားလုံးမွာ OLED panel ေတြနဲ႔ျဖစ္ၿပီး ကင္မရာတပ္ဆင္ပုံကေတာ့ ကြဲျပားၾကပါလိမ့္မယ္။

5.4-inch ဟာ ကင္မရာ ၂ လုံးနဲ႔ျဖစ္ၿပီး၊ 6.1-inch ကေတာ့ ႏွစ္မ်ိဳးလာမယ္လို႔ ဆိုပါတယ္။ တစ္မ်ိဳးက ေက်ာဘက္ကင္မရာ ၂ လုံးျဖစ္ၿပီး၊ ေနာက္တစ္မ်ိဳးကေတာ့ ၃ လုံးျဖစ္ပါလိမ့္မယ္။ 6.7-inch ေမာ္ဒယ္ကေတာ့ ေက်ာဘက္ကင္မရာ ၃ လုံး တပ္ဆင္ထားမယ္လို႔ ဆိုပါတယ္။ ေဈးႀကီးတဲ့အမ်ိဳးအစားေတြျဖစ္တဲ့ ကင္မရာ ၃ လုံးနဲ႔ 6.1-inch ရယ္၊ 6.7-inch အမ်ိဳးအစားေတြမွာ 3D ToF အာ႐ုံခံကိရိယာေတြလည္း ပါဝင္မယ္လို႔ဆိုပါတယ္။

Ref: GSM Arena