မျက်နှာပြင်အောက် ကင်မရာ ပါတဲ့ စမတ်ဖုန်းတွေကို အောင်အောင်မြင်မြင် မထုတ်လုပ်နိုင်သေးပါဘူး။ လက်ရှိထွက်ထားတဲ့ စမတ်ဖုန်းတွေမှာ ဓါတ်ပုံ အရည်အသွေး အားနည်းပြီး သမားရိုးကျ Cutout နည်းလမ်းကို လိုက်မှီဖို့ အများကြီးလိုနေပါသေးတယ်။

2024 iPhones likely to get full-view screens with under-display camera and Face ID - NotebookCheck.net News

အခုတော့ Apple အရေး လေ့လာဆန်းစစ်ရာမှာ နာမည်ကြီးတဲ့ ခွဲခြမ်းစိတ်ဖြာသူ Ming-Chi Kuo က Apple ဟာ အဲဒီ နည်းပညာမှာ တော်တော် ခရီးရောက်နေပြီလို့ ယုံကြည်ကြောင်း ပြောပါတယ်။ သူက Apple ဟာ မျက်နှာပြင်အောက် ဆဲလ်ဖီး ကင်မရာနဲ့ မျက်နှာပြင်အောက် Face ID ပါတဲ့ ပထမဆုံး iPhone တွေကို ၂၀၂၄ ခုနှစ်မှာ ထုတ်လုပ်ရောင်းချမယ်လို့ ပြောပါတယ်။

The iPhone 14 series is tipped to come with improved front-facing portrait and auto-focus features - NotebookCheck.net News

ဓါတ်ပုံ အရည်အသွေး အပိုင်းမှာ မျက်နှာပြင်အောက် ဆဲလ်ဖီး ကင်မရာတွေဟာ သမားရိုးကျ ကင်မရာတွေနဲ့ နှိုင်းယှဉ်ရင် အားနည်းချက် အများကြီး ရှိနေပါသေးတယ်။ အပေါ်မှာ အလွှာ အပို တစ်ထပ် ပါတဲ့အတွက် ဆန်ဆာကို အလင်းဝင်မှု ပိုမို နည်းပါးပါတယ်။ အဲဒါကြောင့် ISP နဲ့ အမှား ပြင်ပေးတဲ့ Algorithm တွေနဲ့ ပေါင်းစပ် ဖန်တီးထားကြရပါတယ်။

Apple ဟာ ဒီပြဿနာကို ဖြေရှင်းနိုင်မယ့် နည်းပညာ အသစ်တွေကို ဖန်တီးနိုင်မလားဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်။ ၂၀၂၄ ခုနှစ်ထုတ် iPhone တွေကို မြင်ရဖို့ အချိန် ၁၇ လလောက် လိုသေးတဲ့အတွက် Ming-Chi Kuo ရဲ့ အခု သတင်းဟာ တိကျမှန်ကန်မလားဆိုတာ ပြောဖို့ စောနေပါသေးတယ်။

Ref : gsmarena