realme GT Neo5 ကို မကြာခင် ကြေညာတော့မှာ ဖြစ်ပြီး ကုမ္ပဏီရဲ့ 240W Fast Charging နည်းပညာ အသစ် ပါလာမယ့် ပထမဆုံး စမတ်ဖုန်း ဖြစ်ပါတယ်။ အဲဒီ အားသွင်းနည်းပညာကို ဇန်နဝါရီလ ၅ ရက်နေ့ ကြေညာမှာ ဖြစ်ပြီး အခုတော့ Charger ဓါတ်ပုံတွေ အွန်လိုင်းမှာ ပေါက်ကြားထွက်ပေါ်လာပါတယ်။

240W charger

Adapter ရဲ့ မော်ဒယ်နံပါတ်က VCKCJACH ဖြစ်ပြီး SuperVOOC လို့ ရေးသားထားပါတယ်။ 12A Current မှာ 20V Power ထုတ်လုပ်ပေးနိုင်ပါတယ်။

240W charger

SuperVOOC အမည်ဟာ OPPO က အသုံးပြုထားတာ ဖြစ်ပေမယ့် OPPO ဟာ သုတေသနဌာနကို realme နဲ့ ပူးတွဲ လုပ်ကိုင်နေတာ ဖြစ်တဲ့အတွက် realme က တူညီတဲ့ Adapter ကို အသုံးပြုတာ တရားမျှတမှု ရှိပါတယ်။ realme ဟာ Charger ကို အမည်အသစ်ပေးထားမလားဆိုတာ မသိရသေးပါဘူး။ သတင်းအရင်းအမြစ်တွေက 150W Charging ပါတဲ့ စွမ်းဆောင်ရည် ပိုနိမ့်တဲ့ GT Neo5 ကိုလည်း ထုတ်လုပ်ရောင်းချမယ်လို့ ပြောနေပါတယ်။

realme GT Neo5 မှာ ဘက်ထရီ ၂ ခု တွဲထားမှာ ဖြစ်ပြီး ၁ ခုချင်းစီမှာ သီးသန့်အားသွင်းတဲ့ စနစ် ပါတဲ့အတွက် အားသွင်းပိုမြန်သလို ဘေးကင်းလုံခြုံစေပါတယ်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလက ဘာစီလိုနာမှာ ကျင်းပခဲ့တဲ့ MWC မှာ အဲဒီနည်းပညာ  သရုပ်ပြသမှုကို မြင်ခဲ့ကြရပြီးပြီ ဖြစ်ပြီး လာမယ့် ကြာသာပတေးနေ့မှာတော့ တရားဝင် ကြေညာတာကို ကြည့်ရတော့မှာ ဖြစ်ပါတယ်။

Ref : gsmarena