ဒီလ ၁၇ ရက်နေ့မှာ ဟက်ကာတွေဟာ နာမည်ကြီး NFT မှတ်ပုံတင် ပလက်ဖောင်း Premint ကို ဖောက်ထွင်းခဲ့ပြီး NFT ပေါင်း ၃၂၀ ကို ခိုးယူခဲ့ပါတယ်။ အဲဒီ NFT တွေဟာ ဒေါ်လာ ၄ သိန်းကျော်ဖိုး တန်ကြေးရှိပြီး ဒီနှစ်ထဲမှာ အကြီးမားဆုံး ခိုးယူခံရမှုတွေထဲက ၁ ခု ဖြစ်ပါတယ်။

Blockchain လုံခြုံရေး အဖွဲ့အစည်း CertiK မှ လေ့လာဆန်းစစ်သူတွေက ဟက်ကာတွေဟာ ဒီလ ၁၇ ရက်နေ့မှာ Premint ဝက်ဘ်ဆိုက်ကို JavaScript Code နဲ့ ဖောက်ထွင်းခဲ့တယ်လို့ ပြောပါတယ်။ အဲဒီနောက်မှာ ဟက်ကာတွေဟာ ဝက်ဘ်ဆိုက်မှာ Pop-up ၁ ခု ဖန်တီးခဲ့ပြီး User တွေကို သူတို့ရဲ့ Wallet ပိုင်ဆိုင်မှုကို သက်သေပြဖို့ အသိပေးခဲ့ပါတယ်။

User များစွာက အဲဒီ Pop-up ဟာ အတုဆိုတာ လျှင်လျှင်မြန်မြန် သိသွားခဲ့ပြီး တွစ်တာနဲ့ Discord မှာ အဲဒီ ညွှန်ကြားချက်ကို မလိုက်နာဖို့ တခြား User တွေကို သတိပေးခဲ့ပါတယ်။ ဒါပေမယ့် မိနစ်ပိုင်းအတွင်းမှာ ဟက်ကာတွေဟာ Premint Customer များစွာရဲ့ သတင်းအချက်အလက်တွေကို ရသွားခဲ့ပါတယ်။

ခိုးယူခံရတဲ့ NFT တွေထဲမှာ နာမည်ကြီး Collection တွေ ဖြစ်တဲ့ Bored Ape Yacht Club, Otherside, Moonbirds Oddities နဲ့ Goblintown တို့ ပါဝင်ပါတယ်။ ဟက်ကာတွေဟာ NFT တွေကို ခိုးယူပြီးနောက်မှာ OpenSea လို ဈေးကွက်တွေမှာ ချက်ချင်း ရောင်းချခဲ့ပါတယ်။ ခိုးယူခဲ့တဲ့ Bored Ape ၁ ခုကို 89 ETH ( ဒေါ်လာ ၁၃၂,၀၀၀ ဝန်းကျင်)နဲ့ ရောင်းချနိုင်ခဲ့ပါတယ်။

Ref : decrypt