Cryptocurrency ကို အသုံးပြုပြီး ငွေပေးချေမှုဟာ ဒီနှစ်မှာ ပထမဆုံးအကြိမ်အဖြစ် တစ်ကမ္ဘာလုံး စုစုပေါင်းပေးချေမှုတန်ဖိုး ဒေါ်လာ ၁၀ ဘီလီယံ ကျော်သွားမှာ ဖြစ်ပါတယ်။ ဒါဟာ ၂၀၂၁ ခုနှစ်ထက် ၇၀ ရာခိုင်နှုန်းကျော် မြင့်တက်လာတာလည်း ဖြစ်ပါတယ်။ ဒီအတောအတွင်း Crypto ကို အသုံးပြုပြီးငွေပေးချတဲ့ အရွယ်ရောက်ပြီးသားအမေရိကန်ဦးရေဟာ ၂၀၂၃ ခုနှစ်မှာ Double digit ဖြစ်လာဖွယ်ရှိနေပါတယ်။

Insider Intelligence က Analyst ဖြစ်တဲ့ Nazmul Islam ကတော့ “အခုအချိန်မှာ Cryptocurrency ကို ရင်းနှီးမြှုပ်နှံဖို့ အရင်ကထက် ပိုပြီးလွယ်ကူလာပြီ” လို့ ဆိုပါတယ်။ “၂၀၂၁ ခုနှစ်မှာ သုံးစွဲသူတွေအသုံးပြုနေတဲ့ Apps တွေထဲက Cryptos ဟာ ပိုပြီးလွယ်ကူလာသလို၊ အဓိကဘဏ္ဍာရေးအဖွဲ့အစည်းတွေကလည်း Crypto ရင်းနှီးမြှုပ်နှံမှုတွေကို လက်ခံတဲ့အချိန် ဖြစ်ခဲ့ပါတယ်”

အကယ်၍ Dogecoin တွေလို သုံးစွဲလွယ်တဲ့ meme စတော့ကိုပေါင်းထည့်တာမျိုးကလည်း ပိုင်ဆိုင်မှုနှုန်းထားတွေ ကြီးကြီးမားမားတိုးလာနိုင်ပါတယ်။ ၂၀၂၂ ခုနှစ်မှာတော့ အနည်းဆုံး Cryptocurrency တစ်ခုပိုင်ဆိုင်တဲ့ အရွယ်ရောက်ပြီးသား အမေရိကန်အရေအတွက်ဟာ ၁၉.၀ ရာခိုင်နှုန်းကို တိုးတက်လာပြီး ၃၃.၇ သန်း အထိတိုးလာမယ်လို့လည်း သိရပါတယ်။ ဒါဟာ လူဦးရေရဲ့ ၁၂.၈ ရာခိုင်နှုန်းနဲ့ညီမျှသလို ပြီးခဲ့တဲ့နှစ်က ၁၀ ရာခိုင်နှုန်းကိုလည်း ကျော်သွားတာ ဖြစ်ပါတယ်။

အကြီးဆုံးပိုင်ဆိုင်မှုအုပ်စုဟာ အသက် ၂၅ နှစ်ကနေ ၄၄ နှစ်ကြား အရွယ်ရောက်ပြီးသူတွေဖြစ်ပါတယ်။ သူတို့နောက်မှာ အသက် ၃၅ နှစ်ကနေ ၄၄ နှစ်ကြား အရွယ်တွေ ဖြစ်ပါတယ်။ ရာခိုင်နှုန်းနည်းပေမဲ့ ကြီးထွားမှုအမြန်ဆုံးအုပ်စုကတော့ အသက် ၆၅ နှစ်နဲ့အထက် အရွယ်ရောက်ပြီးသူတွေဖြစ်တယ်လို့လည်း သိရပါတယ်။

“ငယ်ရွယ်တဲ့ရင်းနှီးမြှုပ်နှံသူတွေဟာ Blockchain နည်းပညာအပေါ် အမှန်တကယ်အပြုသဘောဆောင်တဲ့ ရှုမြင်ချက်ရှိပြီး ဈေးနှုန်းတွေဟာ ရေရှည်မှာ ဆက်ပြီးတိုးတက်လာမယ်လို့မျှော်လင့်ထားသလို၊ ခဏတာကိုင်ထားဖို့ရည်ရွယ်ချက်နဲ့လည်း Crypto ကို ဝယ်ယူနေကြတယ်” လို့ Islam က ဆိုပါတယ်။

Ref: The Portugal News