Zawgyi

တ႐ုတ္ ဖုန္း ကုမၸဏီႀကီး Xiaomi ကေန သူ႕ရဲ႕ Redmi ဖုန္းေတြကို Brand သပ္သပ္ခြဲၿပီး Redmi Note 7 ကို စတင္မိတ္ဆက္လိုက္ကတည္းက စိတ္ဝင္စားတဲ့သူ အေတာ္မ်ားခဲ့ၿပီး ေရာင္းခ်တဲ့ အခါမွာလည္း ပစၥည္းျပတ္တဲ့အထိကို အားေပးခဲ့ၾကပါတယ္။ အခုလက္ရွိအခ်ိန္ထိဆို Redmi Note 7 ကို ႏွစ္သုတ္ခြဲၿပီးေရာင္းခ်ခဲ့ကာ ႏွစ္သုတ္စလုံးမွာ ပစၥည္းျပတ္သြားပါတယ္။ Xiaomi ဟာ Redmi Note 7 ရဲ႕ ေအာင္ျမင္မႈေၾကာင့္ Redmi Note 7 ေတြအမ်ားႀကီး ထပ္မံထုတ္လုပ္မွာျဖစ္ၿပီး သုံးစြဲသူေတြရဲ႕ ေတာင္းဆိုခ်က္အရ Storage မ်ားတဲ့ ေမာ္ဒယ္ေတြပါ ထုတ္သြားမွာပါ။

ေလာေလာဆယ္ေတာ့ Redmi Note 7 ကို 3GB+32GB, 4GB+64GB နဲ႕ 6GB+64GB ေမာ္ဒယ္ သုံးမ်ိဳးနဲ႕ ဝယ္ယူနိုင္ပါတယ္။ Xiaomi က သုံးစြဲသူေတြကို စစ္တမ္းေကာက္ၿပီး Storage မ်ားမ်ားပါတဲ့ ေမာ္ဒယ္လိုခ်င္လားလို႔ ေမးထားၿပီး လူေတာ္ေတာ္မ်ားမ်ားက Storage ပိုမ်ားတဲ့ ေမာ္ဒယ္လိုခ်င္ၾကပါတယ္။ တ႐ုတ္ျပည္တြင္းက စမတ္ဖုန္းေတြကို မွတ္ပုံတင္တဲ့ TENAA ဝဘ္ဆိုက္မွာလည္း RAM 4GB, Storage 128GB ရွိတဲ့ Redmi Note 7 ရဲ႕ အခ်က္အလက္ေတြေပၚလာခဲ့ တာေၾကာင့္ Redmi Note 7 ကိုမွ Storage မ်ားမ်ားနဲ႕လိုခ်င္သူေတြအတြက္ သတင္းေကာင္းပါပဲ။

Redmi Note 7 ဟာ 48MP ရွိ ေနာက္ေက်ာဘက္ ကင္မရာေၾကာင့္ နာမည္ႀကီးေနတာျဖစ္ၿပီး Snapdragon 660 SoC နဲ႕အတူ Premium ဆန္တဲ့ Gradient ဒီဇိုင္းေၾကာင့္ Mid-range ဖုန္း ေစ်းကြက္မွာ ဆရာတစ္ဆူ ျဖစ္ေနပါတယ္။ သူ႕ရဲ႕ 48MP ကင္မရာဟာ ပုံရိပ္ေတြကို အေသးစိတ္ဖမ္းယူနိုင္ၿပီး 48MP Mode နဲ႕ ရိုက္ထားတဲ့ပုံေတြကို ပိုစတာထုတ္မယ္ဆိုရင္ အေတာ္ေလးႀကီးတဲ့ပုံေတြထုတ္နိုင္ပါတယ္။

အခု ေလာေလာဆယ္ေတာ့ 48MP Mode ထဲဝင္လိုက္ရင္ Camera App ထဲက ထြက္ထြက္သြားတဲ့ ျပႆနာႀကဳံေနရပါတယ္။ Snapdragon 660 က 48MP မေထာက္ပံ့တာျဖစ္နိုင္ၿပီး Xiaomi ကေတာ့ Software Optimization နဲ႕ အဆိုပါ ျပႆနာကို ေျဖရွင္းေပးသြားနိုင္ပါတယ္။

Ref: Xiaomi Today

Unicode

Redmi Note 7 ရဲ့ 4GB RAM, 128GB Storage ဗားရှင်းကို မကြာခင် ရောင်းချမည်

တရုတ် ဖုန်း ကုမ္ပဏီကြီး Xiaomi ကနေ သူ့ရဲ့ Redmi ဖုန်းတွေကို Brand သပ်သပ်ခွဲပြီး Redmi Note 7 ကို စတင်မိတ်ဆက်လိုက်ကတည်းက စိတ်ဝင်စားတဲ့သူ အတော်များခဲ့ပြီး ရောင်းချတဲ့ အခါမှာလည်း ပစ္စည်းပြတ်တဲ့အထိကို အားပေးခဲ့ကြပါတယ်။ အခုလက်ရှိအချိန်ထိဆို Redmi Note 7 ကို နှစ်သုတ်ခွဲပြီးရောင်းချခဲ့ကာ နှစ်သုတ်စလုံးမှာ ပစ္စည်းပြတ်သွားပါတယ်။ Xiaomi ဟာ Redmi Note 7 ရဲ့ အောင်မြင်မှုကြောင့် Redmi Note 7 တွေအများကြီး ထပ်မံထုတ်လုပ်မှာဖြစ်ပြီး သုံးစွဲသူတွေရဲ့ တောင်းဆိုချက်အရ Storage များတဲ့ မော်ဒယ်တွေပါ ထုတ်သွားမှာပါ။

လောလောဆယ်တော့ Redmi Note 7 ကို 3GB+32GB, 4GB+64GB နဲ့ 6GB+64GB မော်ဒယ် သုံးမျိုးနဲ့ ဝယ်ယူနိုင်ပါတယ်။ Xiaomi က သုံးစွဲသူတွေကို စစ်တမ်းကောက်ပြီး Storage များများပါတဲ့ မော်ဒယ်လိုချင်လားလို့ မေးထားပြီး လူတော်တော်များများက Storage ပိုများတဲ့ မော်ဒယ်လိုချင်ကြပါတယ်။ တရုတ်ပြည်တွင်းက စမတ်ဖုန်းတွေကို မှတ်ပုံတင်တဲ့ TENAA ဝဘ်ဆိုက်မှာလည်း RAM 4GB, Storage 128GB ရှိတဲ့ Redmi Note 7 ရဲ့ အချက်အလက်တွေပေါ်လာခဲ့ တာကြောင့် Redmi Note 7 ကိုမှ Storage များများနဲ့လိုချင်သူတွေအတွက် သတင်းကောင်းပါပဲ။

Redmi Note 7 ဟာ 48MP ရှိ နောက်ကျောဘက် ကင်မရာကြောင့် နာမည်ကြီးနေတာဖြစ်ပြီး Snapdragon 660 SoC နဲ့အတူ Premium ဆန်တဲ့ Gradient ဒီဇိုင်းကြောင့် Mid-range ဖုန်း စျေးကွက်မှာ ဆရာတစ်ဆူ ဖြစ်နေပါတယ်။ သူ့ရဲ့ 48MP ကင်မရာဟာ ပုံရိပ်တွေကို အသေးစိတ်ဖမ်းယူနိုင်ပြီး 48MP Mode နဲ့ ရိုက်ထားတဲ့ပုံတွေကို ပိုစတာထုတ်မယ်ဆိုရင် အတော်လေးကြီးတဲ့ပုံတွေထုတ်နိုင်ပါတယ်။

အခု လောလောဆယ်တော့ 48MP Mode ထဲဝင်လိုက်ရင် Camera App ထဲက ထွက်ထွက်သွားတဲ့ ပြဿနာကြုံနေရပါတယ်။ Snapdragon 660 က 48MP မထောက်ပံ့တာဖြစ်နိုင်ပြီး Xiaomi ကတော့ Software Optimization နဲ့ အဆိုပါ ပြဿနာကို ဖြေရှင်းပေးသွားနိုင်ပါတယ်။

Ref: Xiaomi Today