Reddit သုံးစွဲသူတွေရဲ့ အဆိုအရ YouTube ဟာ Apple 4K device တွေအတွက် 4K ထောက်ပံ့ပေးပြီလို့ သိရပါတယ်။ အသုံးပြုသူတွေက လွှင့်တင်ပေးထားတဲ့ Screenshots အရဆိုရင်တော့ 24/30fps ဗီဒီယိုတွေဟာ 4K အပြည့် ရနိုင်တဲ့ပုံစံမြင်တွေ့ရပါတယ်။

ဒီလိုဆိုပေမယ့် 60fps ဗီဒီယိုတွေကပဲ 1440p အထိ ရနိုင်တဲ့ပုံဖြစ်ပါတယ်။ YouTube stats အရ ဒီဗီဒီယိုတွေဟာ Google ရဲ့ VP9 codec နဲ့ ပြသနေကြောင်း သိရပါတယ်။ ကြီးကြီးမားမား ချန်လှပ်ထားတယ်လို့ပြောရမှာက HDR ပါ။ HDR နဲ့ Upload လုပ်ထားတဲ့ဗီဒီယိုတွေကိုဖွင့်ကြည့်တဲ့အခါ YouTube ဟာ အခုထိ SDR ဗားရှင်းကိုပဲ ဝန်ဆောင်မှုပေးနေတုန်း ဖြစ်ပါတယ်။

Apple ဟာ လွန်ခဲ့တဲ့ သုံးနှစ်ကတည်းက ပထမဆုံး 4K TV ကို ဖြန့်ချိခဲ့တာပါ။ အဲဒီတုန်းကတည်းက HDR playback ဝန်ဆောင်မှုအတော်များများကို ထောက်ပံ့ခဲ့ပေမယ့် YouTube တော့ မပါဝင်ခဲ့ပါဘူး။ အကြောင်းက YouTube ဟာ 1080p resolution အထက်ရှိ ဗီဒီယိုတွေအတွက် Google ရဲ့ VP9 codec ကိုသုံးတာကြောင့် ကြည့်ဖို့အတွက် Hardware ဒါမှမဟုတ် Software ကုဒ်နံပါတ်တွေလိုအပ်တာကြောင့် ဖြစ်ပါတယ်။

VP9 ရဲ့ Hardware decoding ဟာ Apple silicon မှာမရပါဘူး။ ဒါကြောင့် YouTube app ဟာ Software decoding ကို မပြုလုပ်နိုင်ပါဘူး။ ဒီပြဿနာကြောင့် Apple TV 4K အသုံးပြုသူတွေဟာ 4K YouTube ကို သုံးနှစ်ကြာ ကြည့်ရှုလို့မရ ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် Apple TV 4K မှာ 4K YouTube ကြည့်နိုင်တော့မယ်လို့ ဒီနှစ်အစောပိုင်းမှာ TVOS 14 မှာ ကြေညာခဲ့ပါတယ်။ အဲဒီကြေညာချက်က အခုအချိန်မှာ အမှန်တကယ် အကောင်အထည်ပေါ်လာပြီလို့ ဆိုရတော့မှာပါ။

Ref: GSM Arena