Android ဖုန်းတွေကို Root လုပ်လိုက်တာက မြန်မာစာသွင်းဖို့ပဲ မဟုတ်ပါဘူး။ Root ပြုလုပ်ထားတဲ့ Android ဖုန်းတွေက System ပိုင်းကို အကောင်းဆုံးပြင်ဆင်နိုင်သလို အခြား Root မလုပ်ထားတဲ့ဖုန်းတွေက မလုပ်ဆောင်နိုင်တဲ့ ကိစ္စတွေကိုပါ အေးဆေးဆောင်ရွက်နိုင်တဲ့အတွက် Root ပြုလုပ်တာက ဖုန်းကို ကလိချင်တဲ့သူတွေအတွက် ပိုပြီးအဆင်ပြေမှာပါ။
အဲ့ဒီအတွက် ကိုယ့်ဖုန်းက Root ပြုလုပ်ထားတယ်ဆိုရင် အသုံးပြုသင့်တဲ့ Application ၅ ခုကို ဖော်ပြပေးလိုက်ပါတယ်။
1. Link2SD
တကယ်လို့ သင့်ဖုန်းမှာ SD Card Slot ပါဝင်တယ်ဆိုရင် Link2SD App က ကျိန်းသေထည့်ထားသင့်တဲ့ Application တစ်ခုဖြစ်ပါတယ်။ ဒီ Application ဟာဆိုရင် ပုံမှန် Android ဖုန်းတွေမှာ App တွေကို Internal Storage အစား SD Card မှာပြောင်းလဲသွင်းထားနိုင်မှာဖြစ်ပါတယ်။
2. Titanium Backup
Titanium Backup ဆိုတာကတော့ Android Backup Application ထဲမှာ အကောင်းဆုံးသော Application တစ်ခုဖြစ်ပြီးတော့ Root ပြုလုပ်ထားတယ်ဆိုရင် ပိုပြီးတောင် စွမ်းဆောင်နိုင်တဲ့ Application တစ်ခုဖြစ်ပါတယ်။ သာမန် User Date တွေတင်မကပဲ System Data တွေကိုပါ Backup ထုတ်ပေးနိုင်မှာဖြစ်တဲ့အပြင် External Devices ဒါမှမဟုတ် Cloud တွေထဲမှာလည်း Save ထားလို့ရမှာပါ။
3. SetCPU
ဒီ Application ကတော့ ဖုန်းကို ကလိတဲ့သူတွေအတွက်ရည်ရွယ်တာပါ။ ဖုန်းရဲ့ CPU Speed တွေနဲ့ Voltage တွေကိုပါ စိတ်ကြိုက်သတ်မှတ်လို့ရတဲ့အတွက် ကိုယ့်ဖုန်း CPU ကို Underclock, Overclock ပြုလုပ်ချင်တဲ့သူတွေအတွက် အကြိုက်တွေ့မှာပါ။ တစ်ခုရှိတာက နားမလည်ပဲနဲ့ ဖုန်း CPU ကို Overclock မိရင် အချိန်ကြာတဲ့အခါဖုန်းကို အနည်းနဲ့အများထိခိုက်စေမှာဖြစ်ပါတယ်။
4. Greenify
တကယ်လို့ ကိုယ့်ဖုန်းကသိသိသာသာ Battery စားနေတယ်ဆိုရင်တော့ Greenify ဟာ ကျိန်းသေပေါက်ထည့်သွင်းသင့်တဲ့ Application တစ်ခုဖြစ်မှာပါ။ Greenify App က ဘယ်လိုလုပ်ပေးလဲဆိုရင် Battery စားသုံးမှုများပြားတဲ့ Background App တွေကို ရပ်ပေးတာပဲဖြစ်ပါတယ်။ Root မလုပ်ပဲနဲ့လည်း အသုံးပြုလို့ရပေမယ့် Root ပြုလုပ်ထားတယ်ဆိုရင် ပိုပြီး Battery စားသက်သာစေမှာဖြစ်ပါတယ်။
5. Liveboot
ဒီ App ကလည်း အခုနက SetCPU လိုပဲ ဖုန်းအတွင်းမှာ Run နေတဲ့ Process တွေအကုန်လုံးကိုလေ့လာချင်တယ်ဆိုရင် စမ်းသပ်သုံးစွဲကြည့်သင့်တဲ့ Application တစ်ခုဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်ဖုန်းမှာ ဘယ် Application တွေ၊ ဘယ် Services တွေက Run နေတယ်ဆိုတာကို လေ့လာနိုင်တာက တနည်းမဟုတ်တနည်းအသုံးဝင်မှာပါ။