၂၀၂၀ ပြည့်နှစ်ရဲ့ ပထမသုံးလပတ်ကာလအတွင်းမှာ ကပ်ရောဂါဆိုးပျံ့နှံ့မှုကြောင့် နိုင်ငံတိုင်းက စီးပွားရေးလုပ်ငန်းတွေရဲ့ လည်ပတ်မှုတွေ နှောင့်နှေးခဲ့ပေမယ့် နည်းပညာဘက်မှာတော့ အနည်းငယ်သာနှေးကွေးခဲ့ပြီး မူလအရှိန်အဟုန်နဲ့ သိပ်ပြီးမကွာသလို၊ ဆက်ပြီးတိုးတက်နေတာကို တွေ့မြင်နိုင်ပါတယ်။

အထူးသဖြင့် ကမ္ဘာ့ 5G ဖွံ့ဖြိုးတိုးတက်မှုဟာ အရှိန်အဟုန်ပြင်းပြင်းနဲ့ ရှေ့ဆက်နေတယ်လို့ ဆိုနိုင်ပါတယ်။ ဒီထဲမှာမှ တရုတ်နိုင်ငံရဲ့ 5G ဖွံ့ဖြိုးတိုးတက်မှုကတော့ စက်တင်ဘာလမှာ မှတ်တိုင်အသစ်တစ်ခုဆီ ရောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။ ကုမ္ပဏီတွေဟာ ၂၀၂၀ ပြည့်နှစ်ရဲ့ ပထမ ၉ လအတွင်းမှာ 5G မိုလ်ဘိုင်းဖုန်း ယူနစ်ပေါင်း ၁၀၇.၇ သန်း အထိ တင်ပို့ရောင်းချနိုင်ခဲ့ပါတယ်။

ဒီ ၉ လအတွင်း စုစုပေါင်း စမတ်ဖုန်း တင်ပို့ရောင်းချမှုဟာ ၂၂၅.၆ သန်း ဖြစ်ပြီး 5G အမျိုးအစားကတော့ အားလုံးရဲ့ ၄၇.၅% ဖြစ်နေတာကိုလည်း တွေ့မြင်ရပါတယ်။ တရုတ်သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးနည်းပညာအကယ်ဒမီရဲ့ အစီရင်ခံစာမှာတော့ စက်တင်ဘာလတွင်းမှာ တရုတ်နိုင်ငံကို တင်ပို့မှုတွေအနက် ၉၂.၄% က ဒေသတွင်းကုမ္ပဏီတွေဆီကပဲ ဖြစ်ပြီး ဈေးကွက်ဝေစုကလည်း YDT (year-to-date) အခြေခံမယ်ဆိုရင် ၉၁.၃% ဖြစ်တယ်လို့ သိရပါတယ်။

ထုတ်လုပ်သူတွေဟာ ပြီးခဲ့တဲ့လက မိုလ်ဘိုင်းဖုန်းအလုံးရေ ၂၃.၃ သန်း ကို တင်ပို့ရောင်းချခဲ့ပြီး၊ ၂၂ သန်းဟာ စမတ်ဖုန်းတွေဖြစ်ပြီး၊ ဒီထဲကမှ ၁၄ သန်းဟာ 5G ချိတ်ဆက်နိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ်နဲ့နှိုင်းယှဉ်မယ်ဆိုရင်တော့ ဒီနှစ် ၉ လအတွင်း တင်ပို့ရောင်းချမှုဟာ ၂၁% လျော့နည်းသွားတာကို မြင်တွေ့ရပါတယ်။ အကြောင်းက ဖေဖော်ဝါရီလမှာ ဈေးကွက်တွေ စတင်ထိခိုက်လာခဲ့ပြီး ဧပြီမှာတော့ ကမောက်ကမဖြစ်လာရတာလည်း ဖြစ်ပါတယ်။

Ref: GSM Arena