လာမယ့် ဇန်နဝါရီလ ၁၄ ရက်နေ့မှာ Samsung ရဲ့ Flagship ဖုန်းအသစ်တွေဖြစ်တဲ့ Galaxy S21 Series ကို တရားဝင်မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ အဆိုပါ Galaxy S21 Series ဖုန်းတွေဟာ Apple iPhone 12 Series ဖုန်းတွေလိုမျိုးပဲ ဘူးထဲမှာ Charger ပါဝင်မှာမဟုတ်ဘဲ သီးသန့်ရောင်းချမယ်ဆိုပြီး သတင်းတွေထွက်နေတာလည်းဖြစ်ပါတယ်။

အခုလည်း Samsung Galaxy S21 Ultra ဖုန်းနဲ့ တွဲဖက်အသုံးပြုရဖွယ်ရှိနေတဲ့ 65W USB-C Charger ရဲ့ ဓါတ်ပုံတွေပေါက်ကြားလာခဲ့ပါတယ်။ ပုံမှန် Samsung Flagship စမတ်ဖုန်းတွေဟာ 45W Fast Charging ကိုပဲ အမြင့်ဆုံး Support ပေးတာဖြစ်တဲ့အတွက် အခုလာမယ့် Galaxy S21 Ultra ဖုန်းဟာ ပထမဆုံးအနေနဲ့ Samsung အတွက် 65W Fast Charging ကို Support ပြုလုပ်တဲ့ စမတ်ဖုန်းဖြစ်လာနိုင်ပါတယ်။

ဒါပေမယ့်လည်း ယခု ဓါတ်ပုံပေါက်ကြားလာတဲ့ 65W USB-C Charger ဟာ USB Power Delivery (USB-C PD) နည်းပညာကိုလည်း Support ပေးနိုင်မယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် 65W Charger ဖြစ်နေပေမယ့် S21 Ultra မှာ အမြင့်ဆုံး 45W နဲ့ တခြား Laptop တွေနဲ့ အသုံးပြုတဲ့အချိန်မှ 65W အပြည့်ရရှိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

ကျန်တဲ့ Galaxy S21 နဲ့ S21+ ဖုန်းတွေမှာတော့ အမြင့်ဆုံး Charging Speed အနေနဲ့ 25W ပဲ Support ပေးနိုင်မယ်လို့ သိရပြီး အဆိုပါဖုန်းတွေအတွက်လည်း အခု 65W USB-C Charger ကိုပဲ အသုံးပြုနိုင်ဖွယ်ရှိနေပါတယ်။

ဘာပဲဖြစ်ဖြစ် ယခင်တုန်းက Samsung Flagship ဖုန်းတွေဟာ 45W Fast Charging ကို Support ပေးနိုင်ပေမယ့် 45W Charger ကို ဝယ်ယူရခက်ခဲတဲ့ ပြဿနာကို ဒီနှစ်မှာတော့ Samsung ကနေ သေချာဖြေရှင်းသွားမယ်လို့ ယူဆရပါတယ်။

Ref – GSM Arena