University College London မှ သုတေသီတွေဟာ တစ်စက္ကန့်လျှင် 938 Gigabits အထိ မြန်တဲ့ ကြိုးမဲ့ အင်တာနက်ကို စံချိန်တင်နိုင်ခဲ့ပါတယ်။ အဲဒီ 6G အင်တာနက်ဟာ ပုံမှန် 5G အမြန်နှုန်းတွေထက် အဆ ၉၀၀၀ ကျော် ပိုမိုမြန်ဆန်ပါတယ်။ Zhixin Liu ဦးဆောင်တဲ့ အဖွဲ့ဟာ 5 ကနေ 150 Gigahertz အတွင်းရှိ Frequency ကို အသုံးပြုကာ ဒီအင်တာနက် အမြန်နှုန်းကို ရခဲ့တာ ဖြစ်ပါတယ်။
ဒီနည်းပညာဟာ အလွန်လျင်မြန်တဲ့ ဒေတာပေးပို့မှုကို လုပ်ဆောင်နိုင်ပြီး လူများစွာပါဝင်တဲ့ ပွဲလမ်းသတင်းတွေ၊ အားကစားပွဲတွေအတွက် မြန်နှုန်းမြင့် အင်တာနက်ကို ပံ့ပိုးပေးနိုင်ပါတယ်။ 6G ဟာ 5G ရဲ့ အဓိကပြဿနာတစ်ခုဖြစ်တဲ့ ကျဉ်းမြောင်းပြီး ပြည့်ကျပ်နေတဲ့ Frequency Band တွေကြောင့် နှေးကွေးခြင်းကို ဖြေရှင်းပေးပါတယ်။ Liu က ကျဉ်းမြောင်းတဲ့ လမ်း ကနေ ၁၀ လမ်းသွားလမ်းမကို ပြောင်းလဲပေးလိုက်သလိုမျိုးလို့ ဒီနည်းပညာကို တင်စားပါတယ်။
တီထွင်သူ အဖွဲ့ဟာ ယခုအခါ ဖုန်းထုတ်လုပ်သူတွေ၊ အင်တာနက် ကွန်ရက်ဝန်ဆောင်မှုပေးသူတွေနဲ့ ဆွေးနွေးလျက်ရှိပြီး အနာဂတ်မှာ 6G ကွန်ရက်တွေကို ဝန်ဆောင်မှုပေးဖို့ ရည်မှန်းထားပါတယ်။
Ref: somtom life