အခုနှစ်စမတ်ဖုန်းလောကမှာ Flagship ဖုန်းတွေတင်မဟုတ်ဘဲ Mid Range ဖုန်းတွေမှာပါ 5G Network ကို Support ပေးလာကြပြီဖြစ်ပါတယ်။ အခုလည်း Market Research ကုမ္ပဏီတစ်ခုဖြစ်တဲ့ Counterpoint Research ကနေ ၂၀၂၀ ဒုတိယ ၃လပတ်အတွက် 5G စမတ်ဖုန်းရောင်းအားကို ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါ ထုတ်ပြန်ချက်အရ 5G စမတ်ဖုန်းတွေဟာ တကမ္ဘာလုံးမှာရှိတဲ့ စမတ်ဖုန်းရောင်းအားရဲ့ ၂၀ ရာခိုင်နှုန်းအထိ ရယူထားနိုင်ပြီဖြစ်ပါတယ်။ အဲ့ဒီအတွက် လက်ရှိရောင်းရတဲ့ စမတ်ဖုန်း ၅ လုံးမှာ ၁ လုံးက 5G Support ပြုလုပ်နေပြီလို့တောင် ပြောနိုင်ပါတယ်။

ဒါတင်မဟုတ်သေးဘဲ တကမ္ဘာလုံးမှာရောင်းချရတဲ့ 5G စမတ်ဖုန်းတွေရဲ့ ရောင်းအား ၇၂ ရာခိုင်နှုန်းက တရုတ်နိုင်ငံကနေ ရရှိတာဖြစ်တယ်လို့ သိရပါတယ်။ အထူးသဖြင့် Huawei ကနေ ထုတ်လုပ်တဲ့ 5G စမတ်ဖုန်းတွေက ရောင်းအား သိသိသာသာကို တိုးတက်လာခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံစမတ်ဖုန်းစျေးကွက်မှာလည်း ဖုန်းတစ်လုံးရဲ့ ပျှမ်းမျှတန်ဖိုးက မနှစ်ကထက် ၁၂ ရာခိုင်နှုန်းတက်လာခဲ့တယ်လို့ သိရပါတယ်။

တခြားသောနိုင်ငံတွေမှာတော့ Latin America ကလွဲရင် တကမ္ဘာလုံးမှာ မနှစ်ကထက် ဖုန်းတစ်လုံးရဲ့ ပျှမ်းမျှတန်ဖိုးက ၁၀ ရာခိုင်နှုန်းဝန်းကျင် တိုးတက်လာခဲ့ပါတယ်။ ဒါကလည်း အခုအချိန်မှာ Work from Home ပြုလုပ်မှုတွေအတွက် စမတ်ဖုန်းအသစ်လိုအပ်မှုမြင့်တက်လာတာနဲ့ စမတ်ဖုန်းနည်းပညာတွေပိုတိုးတက်လာတာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် Apple ကလည်း လာမယ့် iPhone 12 Series ကျမှ 5G ကို Support ပြုလုပ်မှာဖြစ်တဲ့အတွက် လာမယ့်နှစ်ကြမှပဲ တရုတ်နိုင်ငံတွင်း 5G စမတ်ဖုန်းရောင်းအားကို ပြန်လည်ယှဥ်နိုင်မယ်လို့ ယူဆရပါတယ်။

Ref – Giz China