မြောက် အိုင်ယာလန်မှ ရဲတွေက ဒီတစ်ပတ်ထဲမှာ ဖုန်း အတုတွေကို ဖမ်းဆီးတဲ့ စစ်ဆင်ရေးကို ပြုလုပ်ခဲ့ပြီး ဒေါ်လာ ၇၅၀,၀၀၀ တန်ကြေးရှိ iPhone အတုနဲ့ တခြား ပစ္စည်း အတုတွေကို သိမ်းဆည်းခဲ့ပါတယ်။

မတ်လ ၂၈ ရက်နေ့က ဒီစစ်ဆင်ရေးကို Belfast နဲ့ Portadown မှာ ပြုလုပ်ခဲ့တာ ဖြစ်ပြီး ပစ္စည်းအတု ၂၀,၀၀၀ ကျော်ကို ဖမ်းဆီးခဲ့ပါတယ်။

Fake iPhones

ဖမ်းဆီးရမိတဲ့ ပစ္စည်း စာရင်း အသေးစိတ်ကို မဖော်ပြထားပေမယ့် အများစုဟာ Apple ထုတ်ကုန်တွေ ဖြစ်ပါတယ်။ iPhone , Airpod အတုတွေနဲ့ iPhone Case တွေပါတဲ့အပြင် စမတ်နာရီနဲ့ အားသွင်းကြိုးတွေလည်း ပါပါတယ်။

Best iPhone in 2024: Which Apple Phone Should You Buy? - CNET

ကမ္ဘာ့ ဖုန်း အတုလုပ်ငန်းမှာ Apple iPhone တွေကို အဓိက ပြုလုပ်ကြပါတယ်။ မြောက် အိုင်ယာလန် ရဲဌာနမှ Mason က ရာဇဝတ်သားတွေဟာ iPhone တွေကို အဓိက အတု ပြုလုပ်ကြပြီး ပစ္စည်း အတု ရောင်းချတဲ့ လုပ်ငန်းကနေ ဝင်ငွေများစွာ ရနေကြတယ်လို့ ပြောပါတယ်။

အင်္ဂလန်မှ East Midlands မှာလည်း ၂၀၂၁ ခုနှစ်မှာ Apple Charger အတု ရောင်းချတဲ့ ဖုန်းပြင်တဲ့ ဆိုင် တစ်ခုကို ဒေါ်လာ ၁၅၀,၀၀၀ နီးပါး ဒဏ်ရိုက်ခဲ့ပါတယ်။

Ref : gizmochina