[Unicode]

တရုတ်မှာ ပြီးခဲ့တဲ့လက SHARK KLE-AO မော်ဒယ်နံပါတ်ပါ Black Shark ဖုန်း ၁ လုံးကို မှတ်ပုံတင်ထားပြီး အဲဒါဟာ Black Shark 3 ဖြစ်မယ်လို့ ထင်ရပါတယ်။ အဲဒီဖုန်းမှာ 5G ဆက်သွယ်မှုပါမှာက လွဲပြီး တခြား သတင်းအချက်အလက်တွေကို မဖော်ပြထားပါဘူး။

အခုတော့ 5G ဆက်သွယ်မှု ပါတဲ့အပြင် အဲဒီဖုန်းမှာ 16GB RAM ထည့်သွင်းထားမယ်လို့ သတင်းထွက်လာပါတယ်။ RAM ပမာဏအများဆုံးပါတဲ့ ပထမဆုံး Gaming စမတ်ဖုန်းဖြစ်လာမယ်လို့ သိရပါတယ်။

Black Shark 3 ဟာ ၂၀၁၉ ခုနှစ် ဇူလိုင်လက နောက်ဆုံးထွက်ထားတဲ့ Black Shark 2 Pro ရဲ့ မျိုးဆက်ဖြစ်လာမှာပါ။ Black Shark 2 Pro မှာ ၆.၃၉ လက်မ FHD+ မျက်နှာပြင်ထည့်သွင်းထားပြီး စွမ်းရည်မြင့် Qualcomm Snapdragon 855+ Chipset မောင်းနှင်ထားပါတယ်။ 27W Fast Charge နည်းပညာပါတဲ့ 4000mAh ဘက်ထရီပါတဲ့အတွက် အားသွင်းနှုန်း အရမ်း မြန်ပါတယ်။ Black Shark 3 မှာ ဒီထက်လန်းတဲ့ Specs တွေ ပါလာမှာသေချာပါတယ်။ Qualcomm ရဲ့ နောက်ဆုံးထုတ် Snapdragon 865 Chipset ပါလာနိုင်ပါတယ်။ မကြာခင်ကထွက်လာတဲ့ သတင်းအရ အရွယ်ကြီး 4700mAh ဘက်ထရီ ပါလာမှာပါ။

Gaming စမတ်ဖုန်းဖြစ်တဲ့အတွက် အရမ်းမြန်တဲ့ Refresh Rate ပါလာမှာဖြစ်ပြီး 30W Fast Charging ထောက်ပံ့ထးမယ်လို့ သတင်းထွက်နေပါတယ်။

Ref : gizmochina

[Zawgyi]

Black Shark 3 ဟာ 16GB RAM ပါတဲ့ ပထမဆုံး ဖုန္း ျဖစ္လာႏိုင္

တ႐ုတ္မွာ ၿပီးခဲ့တဲ့လက SHARK KLE-AO ေမာ္ဒယ္နံပါတ္ပါ Black Shark ဖုန္း ၁ လုံးကို မွတ္ပုံတင္ထားၿပီး အဲဒါဟာ Black Shark 3 ျဖစ္မယ္လို႔ ထင္ရပါတယ္။ အဲဒီဖုန္းမွာ 5G ဆက္သြယ္မႈပါမွာက လြဲၿပီး တျခား သတင္းအခ်က္အလက္ေတြကို မေဖာ္ျပထားပါဘူး။

အခုေတာ့ 5G ဆက္သြယ္မႈ ပါတဲ့အျပင္ အဲဒီဖုန္းမွာ 16GB RAM ထည့္သြင္းထားမယ္လို႔ သတင္းထြက္လာပါတယ္။ RAM ပမာဏအမ်ားဆုံးပါတဲ့ ပထမဆုံး Gaming စမတ္ဖုန္းျဖစ္လာမယ္လို႔ သိရပါတယ္။

Black Shark 3 ဟာ ၂၀၁၉ ခုႏွစ္ ဇူလိုင္လက ေနာက္ဆုံးထြက္ထားတဲ့ Black Shark 2 Pro ရဲ႕ မ်ိဳးဆက္ျဖစ္လာမွာပါ။ Black Shark 2 Pro မွာ ၆.၃၉ လက္မ FHD+ မ်က္ႏွာျပင္ထည့္သြင္းထားၿပီး စြမ္းရည္ျမင့္ Qualcomm Snapdragon 855+ Chipset ေမာင္းႏွင္ထားပါတယ္။ 27W Fast Charge နည္းပညာပါတဲ့ 4000mAh ဘက္ထရီပါတဲ့အတြက္ အားသြင္းႏႈန္း အရမ္း ျမန္ပါတယ္။ Black Shark 3 မွာ ဒီထက္လန္းတဲ့ Specs ေတြ ပါလာမွာေသခ်ာပါတယ္။ Qualcomm ရဲ႕ ေနာက္ဆုံးထုတ္ Snapdragon 865 Chipset ပါလာႏိုင္ပါတယ္။ မၾကာခင္ကထြက္လာတဲ့ သတင္းအရ အ႐ြယ္ႀကီး 4700mAh ဘက္ထရီ ပါလာမွာပါ။

Gaming စမတ္ဖုန္းျဖစ္တဲ့အတြက္ အရမ္းျမန္တဲ့ Refresh Rate ပါလာမွာျဖစ္ၿပီး 30W Fast Charging ေထာက္ပံ့ထးမယ္လို႔ သတင္းထြက္ေနပါတယ္။

Ref : gizmochina