OPPO ဟာ လာမယ့် ဧပြီ ၁၃ ရက်မှာ Reno Ace 2 ကို မိတ်ဆက်မယ့်ပွဲ ပြုလုပ်မှာ ဖြစ်ပါတယ်။ Reno Ace 2 ဟာ တရုတ်အခြေစိုက်ကုမ္ပဏီရဲ့ နောက်ဆုံးပေါ် Flagship ဖြစ်ပြီး Snapdragon 865 chipset, dual-mode 5G, 65W အားသွင်းစနစ်တွေကိုလည်း ထောက်ပံ့ပေးထားမှာဖြစ်ပါတယ်။

ဒါ့အပြင် စိတ်ဝင်စားစရာကောင်းတဲ့ ဟန်းဆက်ရဲ့ 40W ကြိုးမဲ့အားသွင်းစနစ်အကြောင်းလည်း သိရှိခဲ့ကြပြီး ဖြစ်မှာပါ။ အခုတော့ Wireless Power Consortium (WPC) မှာ 40W ကြိုးမဲ့အားသွင်းစနစ်နဲ့ပတ်သက်တဲ့ အချက်အလက်အချို့ ပေါ်ပေါက်လာပြီ ဖြစ်ပါတယ်။

WPC ဟာ OPPO အနေနဲ့ 40W AirVOOC ကြိုးမဲ့အားသွင်းစနစ်ကို ယူဆောင်လာမယ်ဆိုတာ အတည်ပြုပေးလိုက်ပါပြီ။ Qi charging pad အသစ်ဟာ အဖြူရောင်နဲ့ မီးခိုးရောင်ဒီဇိုင်းနှစ်မျိုးအဖြစ် မြင်တွေ့ရပါတယ်။ အားသွင်းမယ့်ဟန်းဆက်ကို ညာဘက်မှာထားရမှာဖြစ်ပြီး ဘယ်ဘက်မှာတော့ အပူပျံ့နှံ့မှုအတွက် ပန်ကာဒါမှမဟုတ် အအေးပေးစနစ် တစ်မျိုးအတွက် နေရာလုပ်ထားတာ တွေ့ရပါတယ်။

Max Output ကတော့ စိတ်ဝင်စားလောက်စရာ ပမာဏဖြစ်ပြီး 65W လို့ ဆိုပါတယ်။ ဒါပေမယ့် ဒီပမာဏက ကြိုးနဲ့ဖြစ်နိုင်ပြီး ကြိုးမဲ့ဆိုရင်တော့ 40W ပဲ ဖြစ်နိုင်ပါတယ်။ ကျန်တဲ့ အသေးစိတ်အချက်အလက်တွေနဲ့ ဈေးနှုန်းကတော့ လာမယ့်ရက်တွေမှာ သိလာရမယ်လို့ မျှော်လင့်ရပါတယ်။

Ref: GSM Arena