စမတ်ဖုန်းထုတ်လုပ်သူတော်တော်များများအနေနဲ့ သူတို့ရဲ့ Flagship တွေကို ထုတ်ပြခဲ့ပြီးတဲ့နောက်မှာတော့ 5G Midrange ဟန်းဆက်တွေရဲ့ အလှည့်ပဲဖြစ်ပါတယ်။ တရုတ်အခြေစိုက် Oppo ကုမ္ပဏီဟာ ဒီတစ်ကြော့မှာ 5G Midrange ဈေးကွက်ကို စောစောစီးစီးဦးဆောင်လာမယ့်ပုံရှိပြီး TENAA ဝက်ဆိုက်မှာ သူတို့ရဲ့ ထုတ်ကုန်သစ်နှစ်ခုကို အတည်ပြုချက်ရယူလာခဲ့တာ တွေ့ရပါတယ်။
OPPO PCRT01 မော်ဒယ်မှာ 6.4” Display နဲ့ 3,935 mAh ဘက္ထရီတို့ပါဝင်ကာ ကိုယ်ထည်အချိုး 160.3 x 74.3 x 7.96 mm ရှိပါတယ်။ SA နဲ့ NSA 5G နက်ဝပ်နှစ်မျိုးလုံးထောက်ပံ့ပေးနိုင်ပါတယ်။
ဒုတိယတစ်လုံးက မော်ဒယ်နံပါတ် PDKM00 ဖြစ်ပြီး 6.57” Display နဲ့ 3,890 mAh ဘက္ထရီတို့ ပါဝင်ပါတယ်။ ကိုယ်ထည်အချိုး 163.8 x 75.5 x 8.1 mm ရှိတာကြောင့် အနည်းငယ်ပိုကြီးကာ 5G နက်ဝပ်နှစ်မျိုးလုံး အသုံးပြုနိုင်မှာပါ။
TENAA ပေါ်မှာ မဖော်ပြထားပေမယ့် အခြား Leak သတင်းတစ်ခုမှာတော့ Oppo PDKM00 ရဲ့ အဓိက Specs အချို့ကို ဖော်ပြလာပါတယ်။ ဒီဖုန်းမှာ LCD Display ကိုအသုံးပြုလာပြီး ရှေ့မှာ Dual Punch-hole ဒီဇိုင်းနဲ့ 16MP + 2MP ဆဲလ်ဖီကင်မရာနှစ်လုံးပါမယ်လို့ သူကဆိုပါတယ်။
PDKM00 ဖုန်းရဲ့အတွင်းမှာတော့ MediaTek Dimensity 800 ချစ်ပ်ဆက်ကို အသုံးပြုထားတယ်လို့ ဆိုပြီး ဒီချစ်ပ်ဆက်ဟာ ဈေးကွက်ထဲရောင်းချနေတဲ့ ဖုန်းတွေမှာ မမြင်ရသေးပါဘူး။ ဒီဖုန်းရဲ့နောက်ဘက်မှာ 48MP + 8MP + 2MP + 2MP ကင်မရာလေးလုံးပါမယ်လို့လည်း ဆိုထားပါတယ်။
လက်ရှိမှာတော့ ဒီစမတ်ဖုန်းတွေကို ဘယ်နာမည်နဲ့ ဘယ်စီးရီးအောက်ကနေ မိတ်ဆက်လာမလဲဆိုတာ မသိရသေးပေမယ့် Oppo A စီးရီးဝင်အဖြစ် မြင်ရနိုင်ပါတယ်။ လာမယ့်ရက်အနည်းငယ်အတွင်း ထပ်ပြီး မြင်တွေ့ရဦးမယ်လို့ ယူဆရပါတယ်။
Ref – Gizmo China