Realme X3 လို့ ထင်ရတဲ့ စမတ်ဖုန်း ၁ လုံးကို ပြီးခဲ့တဲ့ ၁ ပတ်က 3C မှာ တွေ့ခဲ့ရပြီး 30W Charging နဲ့ 5G တွေ ပါပါတယ်။ အခုလည်း အဲဒီ စမတ်ဖုန်းရဲ့ သတင်းအချက်အလက်တွေ TENAA ကနေ ထွက်လာပြီး Specs တချို့ကို သိလာရပါပြီ။
TENAA က စာရင်းအရ မော်ဒယ်နံပါတ်ဟာ RMX2142 ဖြစ်ပြီး ၈.၉ မီလီမီတာ အထူရှိပါတယ်။ ၆.၅၇ လက်မ မျက်နှာပြင် ပါလာပြီး အရည်အသွေးကို မသိရသေးပါဘူး။ 1080p အရည်အသွေး ရှိမယ်လို့ ထင်ပါတယ်။ 4,100mAh ဘက်ထရီ ထည့်ထားပြီး ဒေတာကူးတာနဲ့ အားသွင်းတာ မြန်စေတဲ့ USB-C Port ပါလာနိုင်ပါတယ်။ TENAA မှာ Realme X3 ရဲ့ တခြား သတင်းအချက်အလက်တွေကို မသိရသေးပါဘူး။ နောက်ပိုင်းမှာ အဲဒီဖုန်းရဲ့ Specs နဲ့ ဓါတ်ပုံတွေ ပိုမို ထွက်ပေါ်လာမယ်လို့ ထင်ပါတယ်။
Realme ဟာ X3 အပြင် X3 SuperZoom ကိုပါ ဖန်တီးနေပြီး NBTC, EEC နဲ့ BIS မှာ အဲဒီ စမတ်ဖုန်းကို မှတ်ပုံတင်ထားပါတယ်။ အဲဒီ စမတ်ဖုန်းရဲ့ မော်ဒယ်နံပါတ်ဟာ RMX2086 ဖြစ်ပြီး Geekbench ကစာရင်းအရ Qualcomm Snapdragon 855+ SoC မောင်းနှင်ထားပါတယ်။ 12GB RAM နဲ့ Android 10 ပါလာပြီး Realme UI အုပ်ထားမယ်လို့ ထင်ပါတယ်။ Realme က အဲဒီ စမတ်ဖုန်းတွေရဲ့ အကြောင်းကို မပြောသေးပေမယ့် လာမယ့် ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ သတင်းအချက်အလက်တွေ ပိုသိလာရတော့မှာပါ။
Ref : gsmarena