realme ဟာ အခုနောက်ပိုင်းမှာ စမတ်ဖုန်းတွေအပြင် တခြားသော Product တွေဖြစ်တဲ့ Earbuds ၊ Fitness Band ၊ Power Bank တွေလိုမျိုး ပစ္စည်းတွေကိုပါ မိတ်ဆက်လာပြီဖြစ်ပါတယ်။ အခုလည်း realme ကနေ Android TV စျေးကွက်ထဲကို မကြာခင်မှာဝင်ရောက်လာတော့မှာပါ။

ယခင်တုန်းကလည်း realme ရဲ့ CEO ဖြစ်တဲ့ Madhav Sheth ကနေ realme TV ကိုလာမယ့် ၂၀၂၀ ဒုတိယ ၃ ပတ်အတွင်းမှာ India မှာ မိတ်ဆက်သွားမယ်ဆိုပြီး အတည်ပြုပြောကြားခဲ့ဖူးတာဖြစ်ပါတယ်။ အဆိုပါ realme TV ဟာ အခုအချိန်မှာတော့ Google ရဲ့ Android Certification ကိုရရှိသွားပြီလို့ သိရပြီးတော့ မကြာခင်မှာတရားဝင်မိတ်ဆက်လာတော့မှာပါ။

အခုလိုမျိုး Android TV OS ကို အသုံးပြုလာမယ့် realme TV ဟာ Codename အနေနဲ့တော့ “ikebukuro” လို့ ပေးထားပြီးတော့ Processor အနေနဲ့ Taiwan Chip Company တစ်ခုဆီက Mstar T16 SoC ကို အသုံးပြုထားတယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် စွမ်းဆောင်ရည်ပိုင်းမှာတော့ ဘယ်လိုမျိုးဖြစ်မလဲဆိုတာကလည်း စိတ်ဝင်စားစရာပါ။

realme ဟာ အရင်ဆုံး 43″ နဲ့ 32″ LED TV တွေကို မိတ်ဆက်သွားမှာဖြစ်ပြီးတော့ နောက်ပိုင်းမှာ တခြားသော Screen Size တွေကိုပါ ဆက်တိုက်မိတ်ဆက်သွားဖို့ရှိနေတယ်လို့ ယူဆရပါတယ်။ ဘာပဲဖြစ်ဖြစ် realme ဟာ Xiaomi ကို စမတ်ဖုန်းတွေတင်မဟုတ်ဘဲ TV စျေးကွက်မှာပါ အပြင်းအထန်ပြိုင်ဆိုင်ရဖွယ်ရှိနေပါတယ်။

Ref – Giz China