Xiaomi ဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်တုန်းက Under Screen Selfie Camera ကို အစောဆုံးပြသနိုင်ခဲ့တဲ့ စမတ်ဖုန်းကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ ဒီလိုမျိုး Under Screen Camera နည်းပညာကို အမြောက်အများထုတ်လုပ်ရောင်းချနေတဲ့ စမတ်ဖုန်းတွေမှာ ထည့်သွင်းဖို့ ခက်ခဲနေသေးတယ်ဆိုပြီး ပြီးခဲ့တဲ့လအနည်းငယ်က ပြောကြားခဲ့ဖူးပေမယ့် မကြာခင်မှာ အဆိုပါ Under Screen Camera ပါဝင်တဲ့ စမတ်ဖုန်းကို မိတ်ဆက်သွားဖို့များနေပါပြီ။
ဘာကြောင့်လဲဆိုရင် Xiaomi ကနေ Under Screen Selfie Camera နည်းပညာကို အသုံးပြုလာမယ့် စမတ်ဖုန်းတွေကို မှုပိုင်ခွင့်ရယူလိုက်ပြီးတော့ စျေးကွက်ထဲကို ရောင်းချလာနိုင်တဲ့ စမတ်ဖုန်းပုံစံကိုပါ တွေ့မြင်လာခဲ့ရပါတယ်။ ယခုသတင်းကိုတော့ Let”s Go Digital ကနေ ဖော်ပြခဲ့တာဖြစ်ပါတယ်။
အဆိုပါ Xiaomi က ရယူလိုက်တဲ့မှုပိုင်ခွင့်အရ ဖုန်းရဲ့ ဘယ်ဘက် နဲ့ အလယ်ဘက် အပေါ်မှာ Selfie Camera ကို တပ်ဆင်သွားမှာဖြစ်ပြီးတော့ Front Camera ကို အသုံးပြုနေတဲ့အချိန်ကြမှပဲ အဆိုပါ Selfie Camera ကို မြင်ရမှာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် ပုံမှန်အချိန်မှာတေ့ာ လုံးဝ Full Experience ကိုရရှိမှာဖြစ်ပါတယ်။
ယခင်တုန်းက Xiaomi ကနေ ဒီလိုမျိုး Under Screen Camera နည်းပညာကို အသုံးပြုလိုက်တာက ပုံမှန် Selfie Camera တွေလိုမျိုး စွမ်းဆောင်ရည်ကိုရရှိမှာမဟုတ်ဘဲ ပုံမှန်မြင်နေကြ ဓါတ်ပုံတွေထက် ပိုမှောင်နေတယ်လို့ ပြောကြားခဲ့ဖူးပါတယ်။ ကြည့်ရတာတော့ Xiaomi ကနေ အခုအချိန်မှာ Under Screen Camera နည်းပညာရဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်သွားပြီလို့ ယူဆရပါတယ်။
Ref – Gizmo China