IDC မှထုတ်ပြန်သော စစ်တမ်းရလဒ်များအရ COVID-19 ဂယက်ရိုက်ချက်က ၂၀၂၀ ခုနှစ် ပထမသုံးလပတ်အတွက် စမတ်ဖုန်းဈေးကွက်ကို အလှုပ်အခတ်များဖြစ်ပေါ်စေခဲ့ပြီး ဈေးကွက်ကိုဦးဆောင်နေတဲ့ စမတ်ဖုန်းထုတ်လုပ်သူတွေအတွက် စိန်ခေါ်မှုများကိုရင်ဆိုင်ခဲ့ရပါတယ်။ သို့သော်လည်း Huawei က Apple ကို ပြန်လည်ကျော်တက်နိုင်ခဲ့ပြီး တစ်ကမ္ဘာလုံးရဲ့ဈေးကွက်ဝေစု ဒုတိယနေရာကို ပြန်လည်ရောက်ရှိလာခဲ့ပါသည်။
ဈေးကွက်ကိုသုသေတနပြုလုပ်နေကြ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ IDC ရဲ့ စစ်တမ်းထုတ်ချက်တွေအရ ၂၀၂၀ ခုနှစ် ပထမသုံးလပတ် အတွင်းမှာ တစ်ကမ္ဘာလုံးရဲ့ စမတ်ဖုန်းတင်ပို့ရောင်းချရမှု အခြေအနေဟာ ၁၁.၇ ရာခိုင်နှုန်းအထိကျဆင်းလာခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ်ကတစ်ကမ္ဘာလုံးအနှံ့ဖြစ်ပွားနေတာနှင့် အတူ အဆိုပါ ဂယက်က စမတ်ဖုန်းထုတ်လုပ်တင်ပို့ရောင်းချတဲ့ ကုမ္ပဏီတွေအပေါ်မှာလည်း ရိုက်ခတ်မှုတွေရှိခဲ့ပါသည်။
Samsung, Huawei နဲ့ Apple တို့ဟာ တစ်ကမ္ဘာလုံး စမတ်ဖုန်းတင်ပို့ရောင်းချတဲ့ အကြီးဆုံးကုမ္ပဏီ ၃ခု စာရင်းမှာ အစဉ်လိုက် ဆက်လက်တည်ရှိနေပါသည်။ IDC ရဲ့ ထုတ်ပြန်မှုအရ ပထမ ၃လပတ်အတွင်းမှာဆိုရင် စမတ်ဖုန်းအလုံးရေ တင်ပို့ရောင်းချရမှုအနေနဲ့ Samsung က ၅၈.၃သန်း၊ HUAWEI က ၄၉သန်း နဲ့ Apple က ၃၆.၇သန်းဆိုပြီး တင်ပို့ရောင်းချခဲ့ရတာပဲဖြစ်သည်။ HUAWEI အနေနဲ့လည်း စမတ်ဖုန်းတင်ပို့ရောင်းချရသူ စာရင်းမှာ ဒုတိယနေရာကို ပြန်လည်တက်လှမ်းနိုင်ခဲ့တာပဲဖြစ်ပါသည်။
တစ်ကမ္ဘာလုံး အတိုင်းအတာအရ စမတ်ဖုန်းအလုံးရေ တင်ပို့ရောင်းချရမှု အရေအတွက်ဟာ အကျပိုင်းဘက်ကို ဦးတည်ခဲ့နေပေမယ့် စိတ်ဝင်စားဖွယ်ကောင်းတဲ့ အချက်အလက်တစ်ချို့လည်း ထွက်ပေါ်လာခဲ့ပါသေးသည်။ Strategy Analytics ရဲ့ စစ်တမ်းထုတ်ပြန်ချက်အရဆိုလျင် 5G စမတ်ဖုန်းထုတ်လုပ်တင်ပို့ရောင်းချမှုဟာ ၂၄ သန်းအထိ တိုးတက်ပြီး တင်ပို့ရောင်းချခဲ့ရပါသည်။ ၂၀၁၉ ခုနှစ်ကဆိုလျင် 5G စမတ်ဖုန်းထုတ်လုပ်တင်ပို့ရောင်းချရမှုဟာ ၁၈.၄ သန်းသာ ရှိခဲ့ရာက ယခုနှစ်မှာ 5G စမတ်ဖုန်းတွေရဲ့ တင်ပို့ရောင်းချရမှုဟာ ပိုမိုတိုးတက်လာခဲ့တာကို တွေ့ရှိရပါသည်။
Huawei နှင့် Samsung ဟာ 5G စမတ်ဖုန်းထုတ်လုပ်မှုအပိုင်းမှာ ဆက်လက်ဦးဆောင်နေဆဲဖြစ်သည်။ ၂၀၂၀ ပထမသုံးလပတ်အတွင်းမှာ ဆိုလျင် HUAWEI က 5G စမတ်ဖုန်းအလုံးရေ ၈သန်းကျော်၊ Samsung က အလုံးရေ ၈.၃ သန်းကျော် အသီးသီးထုတ်လုပ်တင်ပို့ရောင်းချနိုင်ခဲ့ပြီး အဆိုပါ ကုမ္ပဏီ၂ခုပေါင်း တင်ပို့ရောင်းချရတဲ့ အရေအတွက်ဟာ တစ်ကမ္ဘာလုံးဈေးကွက်ဝေစုရဲ့ ၆၈ ရာခိုင်နှုန်းအထိကို ကြီးစိုးထားနိုင်ခဲ့ပြီး Mate30, Mate30 Pro စတဲ့ 5G စမတ်ဖုန်းတွေဟာလည်း အသုံးပြုသူများအကြားမှာ ရေပန်းစားခဲ့သည်။
၂၀၂၀ ပထမ သုံးလပတ် ကုန်ဆုံးခါနီးမှလည်း အဆိုပါ ကုမ္ပဏီ ၂ခုက HUAWEI P40 Series စမတ်ဖုန်းများနဲ့ Samsung S20 Series စမတ်ဖုန်းများကို အသီးသီးမိတ်ဆက်ခဲ့ကြပြီး ဒုတိယ သုံးလပတ်အတွက်လည်း 5Gစမတ်ဖုန်း ဈေးကွက်ပိုင်းကို ဆက်လက်ကြီးစိုးထားနိုင်မည်ဖြစ်ကြောင်း ခန့်မှန်းထားပါသည်။
တရုတ်ပြည်မကြီးရဲ့ပြည်တွင်းစမတ်ဖုန်းဈေးကွက်ဟာဆိုလျင်လည်း ကိုရိုနာဗိုင်းရပ်စ် ဂယက်ရဲ့ အစောဆုံး ရိုက်ခတ်မှုခံခဲ့ရတဲ့ ဒေသတစ်ခုဖြစ်ခဲ့ပြီး ပထမ သုံးလပတ် တစ်ခုလုံးဟာ လုံးဝအကျပိုင်းကို ဦးတည်နေခဲ့တာပဲဖြစ်ပါသည်။ Counterpoint ရဲ့ ထုတ်ပြန်မှု အရဆိုလျင် တရုတ်ပြည်မကြီး ဈေးကွက်ဟာဆိုလျင် ၂၂ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ကြောင်း တွက်ချက်ထားခဲ့ပြီး ဝယ်လိုအားရော ထုတ်လုပ်နိုင်စွမ်းအား ၂ ခုလုံးပါကျဆင်းသွားခဲ့ပါသည်။ အချက်အလက်အားဖြင့် Vivo နှင့် Oppo ဆိုလျင် ၂၇% နှင့် ၃၀ရာခိုင်နှုန်းအထိ offline ဈေးကွက်တွင် ကျဆင်းခဲ့ပြီး Xiaomi ဆိုလျင် ၃၅% အထိနှစ်စဉ်တိုင်းတာချက်များအရ ကျဆင်းလာခဲ့ကြောင်းလည်းသိရသည်။
ဈေးကွက်တစ်ခုလုံး ကျဆင်းနေတဲ့ အခြေအနေများတွင် HUAWEI တစ်ခုတည်းသာ တရုတ်ပြည်မကြီးဈေးကွက်တွင် အတက်ပိုင်းပြခဲ့ပြီး အလုံးရေ ၂၈.၇ သန်းကျော် ရောင်းချနိုင်ခဲ့ပြီး ပြီးခဲ့သည့် သုံးလပတ်နှင့် နှိုင်းယှဉ်ပါက ၆% အထိ တိုးတက်ခဲ့ကြောင်း စာရင်းများအရ သိရပါသည်။ Oppo နှင့် Vivo နှစ်ခုပေါင်း ရောင်းချရမှု အရေအတွက်ထပ် သာလွန်နေခဲ့ပြီး ကျဆင်းနေသော ဈေးကွက်အခြေအနေမှာ တိုးတက်အောင် လုပ်ဆောင်နိုင်ခဲ့တာပဲဖြစ်သည်။
မတ်လနှောင်းပိုင်းကာလများတွင် တရုတ်နိုင်ငံအနေနှင့် ရောဂါကူးစက်မှုကို ထိန်းချုပ်လာနိုင်သည့် အခြေအနေကို ရောက်ရှိလာခဲ့သည့်နည်းတူ ထုတ်လုပ်မှုအပိုင်းတွင် ပုံမှန်စတင်လည်ပတ်လာနိုင်သည်နှင့်အမျှ တရုတ်ပြည်မကြီး Smartphone ဈေးကွက်လည်း ပုံမှန်အနေအထားသို့ တဖြည်းဖြည်း ပြန်လည်ရောက်ရှိလာခဲ့တာပဲဖြစ်ပါသည်။ HUAWEI အနေနှင့်လည်း Mate 30 Series များနှင့် Nova Series များကဲ့သို့သော ထုတ်ကုန်အရည်အသွေးလည်း ကောင်းမွန်ပြီး 5G နည်းပညာများပါဝင်သည့် အခြေအနေအမျိုးမျိုးပေါ်တွင် ကောင်းမွန်စွာ လုပ်ဆောင်နိုင်သည့် ဖုန်းများကို ထုတ်လုပ်တင်ပို့ရောင်းချနိုင်မှုများကလည်း သုံးစွဲသူများအတွက် ပိုမိုဦးစားပေးရွေးချယ်ချင်စရာ အချက်များဖြစ်လာခဲ့ပြီး မတ်လအကုန်ပိုင်းတွင် ဈေးကွက်ဝေစု ၄၃ ရာခိုင်နှုန်းဖြင့် တရုတ်ပြည်မကြီးဈေးကွက်ဝေစု ၏ နံပါတ်၁ နေရာကို ရယူလာနိုင်ခဲ့ခြင်းဖြစ်သည်။
ဈေးကွက်တစ်ခုလုံးမတည်မငြိမ်ဖြစ်နေသည့် အနေအထားတွင် Huawei အနေနဲ့ ယိုင်နဲ့သွားခြင်းမရှိပဲ လုပ်ဆောင်နိုင်စွမ်းကို ပိုမိုတိုးတက်အောင်ပြုလုပ်နိုင်ခဲ့လို့ ယခုလို ရလဒ်ကောင်းများကို ရရှိလာခဲ့ခြင်းပဲဖြစ်ပါသည်။ ဧပြီလ ၂၇ ရက်နေ့က Huawei China ၏ microblog တစ်ခုမှ ဘဲလေးအကမယ်များ “Swan Lake” အကကို နှာခေါင်းစည်းများတပ်ဆင်ပြီး အကတိုက်၊ လေ့ကျင့်နေသည့် ဗီဒီယိုတစ်ခုကို တင်ခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ ကပ်ဘေးကြီးကို ကျော်လွန်နိုင်သည့် အခါတွင် ကပြဖျော်ဖြေတင်ဆက်နိုင်ရန် လေ့ကျင့်ပြင်ဆင်လျက်ရှိကြောင်း သိရပါသည်။
HUAWEI ကို တည်ထောင်ခဲ့သည့် CEO “Ren Zhenfei” က အဆိုပါ ဗီဒီယိုအပေါ်ကို “အဘဲလေးအကရဲ့ အဓိက အနှစ်သာရ တစ်ခုဖြစ်တဲ့ ကိုယ်တိုင်တည်ဆောက်ယူရတဲ့ ကြံခိုင်မှုရဲ့ လှပတဲ့ ရလဒ်ကို ဒီဗီဒီယိုမှာ မြင်တွေ့နိုင်ပါတယ်။ အတွေ့အကြုံများစွာရှိနေတဲ့ လုပ်ငန်းစုကြီးတွေအတွက်ကတော့ ဒီလို ကပ်ဘေးအခက်အခဲမျိုးဟာ ဖြစ်တတ်တဲ့ စိန်ခေါ်မှုတစ်ရပ်အနေနဲ့ပဲ ရူမြင်သုံးသပ်ပါတယ်။ ပြင်ပဂယက် ရိုက်ခတ်မှုက ဘယ်လိုပဲရှိနေပါစေ ကိုယ့်ကိုယ်ကို စဉ်ဆက်မပြတ် တိုးတက်အောင် ကြိုးစားမှုကသာ အဓိက အခရာပါပဲ။ အမွှေးပျံ့ဆုံး ဇီးပန်းရဲ့ ရနံ့ဟာ အေးခဲကြမ်းတမ်း နေတဲ့ ရာသီဥတုကို ကျော်ဖြတ်ပြီးမှသာ ရနိုင်တယ်ဆိုတဲ့ သာဓကဟာ Huawei ရဲ့ စိတ်ထားခံယူချက်ပဲဖြစ်ပါတယ်” ဟုမှတ်ချက်ပြုခဲ့ပါသည်။
HUAWEI အနေနှင့် အသုံးပြုသူတွေအတွက် အကောင်းဆုံးသော အတွေ့အကြုံများကို ပေးစွမ်းနိုင်ဖို့ သုတေသနနှင့်ဖွံဖြိုးရေး (R&D) နှင့် ဆန်းသစ်တီထွင်ဖန်တီးမှုများအတွက် အလုံးအရင်းဖြင့် တစိုက်မတ်မတ် ရင်းနှီးမြှပ်နှံမှုများကို လုပ်ဆောင်လာခဲ့သည်မှာ ကာလကြာမြင့်ခဲ့ပြီ ဖြစ်ပြီး ၂၀၁၉ ခုနှစ်တစ်နှစ်တည်းမှာပင် တရုတ်ယွမ်ငွေ ၁၃၁.၈ ဘီလီယျံအထိ ထပ်မံရင်းနှီးမြုပ်နှံခဲ့ပြီး အဆိုပါ အတိုင်းအတာဟာ Samsung နှင့် Apple တို့ရဲ့ သုတေသနပိုင်းနှင့် ဖွံဖြိုးမှုပိုင်းအတွက် ရင်းနှီးမြုပ်နှံမှုများထပ် များပြားကြောင်းလည်း သိရသည်။
HUAWEI ရဲ့ ကိုယ်ပိုင်နည်းပညာဖြင့် ထုတ်လုပ်ဖန်တီးထားတဲ့ 5G SoC (chipset) များဟာလည်း စွမ်းဆောင်ရည်ပိုင်းမှာ ထူးချွန်ကောင်းမွန်ပြီး စွမ်းအင်သုံးစွဲမှုပိုင်းကို နည်းပါးစေပါသည်။ EMUI operating system ပိုင်းမှာလည်း ချိတ်ဆက်မှုအပိုင်းတွေမှာ ကောင်းမွန်ချောမွေ့စေပြီး အနေအထားမျိုးစုံမှာ အဆင်ပြေစေတဲ့ all-scenario smart ecosystem ပိုင်းမှာလည်း ပိုမိုအားကောင်းလာတာပဲဖြစ်ပါသည်။ HUAWEI AppGallery ကိုလည်း Mate30 Series များနှင့် P40 Series များနှင့်အတူ တစ်ကမ္ဘာလုံးကို မိတ်ဆက်ခဲ့ပြီး ပိုမိုကောင်းမွန်တဲ့ အတွေ့အကြုံများကို ပေးစွမ်းနိုင်ရန်လည်း တစိုက်မတ်မတ်အားစိုက်နေပါသည်။ ယခုနှစ်အတွင်းမှာလည်း HUAWEI ရဲ့ သုတေသနနှင့်ဖွံဖြိုးရေး (R&D) အတွက် ရင်းနှီးမြှုပ်နှံမှုကို အမေရိကန်ဒေါ်လာ ၅.၈ ဘီလီယျံမှ ၂၀ ဘီလီယျံအထိ ရင်းနှီးမြုပ်နှံသွားမည်ဟု ခန့်မှန်း ရပါသည်။
အမှန်တကယ်အားဖြင့် သုတေသနနှင့်ဖွံဖြိုးရေး (R&D) လုပ်ငန်းများဟာ စီးပွားရေးတိုးတက်မှုအတွက် အသက်တမျှအရေးကြီးတဲ့ မောင်းနှင်စွမ်းအားတစ်ခုဖြစ်သည်။ HUAWEI ရဲ့ ၂၀၂၀ ခုနှစ် ပထမသုံးလပတ်ရလဒ်များကို ဖော်ဆောင်ရာမှာ စမတ်ဖုန်းအပြင် “1+8+N” all-scenario strategy တွင်ပါဝင်တဲ့ တစ်ကိုယ်ရည်သုံးကွန်ပြူတာများ၊ Tablets များ၊ Wearables (ဝတ်ဆင်နိုင်သော စမတ်အသုံးအဆောင်များ) နဲ့ စပီကာ အစရှိတဲ့ ပစ္စည်းများပါ ပါဝင်လာခဲ့ပါသည်။ Wearables (ဝတ်ဆင်နိုင်သော စမတ်အသုံးအဆောင်များ) ရောင်းချရမှုမှာ ယမန်နှစ်ကထပ် ၇၅% အထိ တိုးတက်လာခဲ့ပြီး တစ်ကိုယ်ရည်သုံးကွန်ပြူတာများ (PC) ရောင်းချရမှုဟာ ၁၁၀ % နဲ့ TWS (audio ပစ္စည်းများ) ရောင်းချရမှုမှာ ယမန်နှစ်ကထပ် ၁၅၀% အထိမြင့်တက်လာခဲ့ပါတယ်။
HAUWEI Consumer Business Group (China) ရဲ့ ဉက္ကဌ ဖြစ်တဲ့ “Zhu Ping” က “all-scenario strategy ကို တစ်စိုက်မတ်မတ် လက်တွေ့အသုံးချမှုအပိုင်းမှာ ပိုမိုအသုံးတည့်လာအောင် ပြင်ဆင်လာမှုက HUAWEI ရဲ့ အရောင်းပိုင်းမြင့်တက်လာမှုရဲ့ အကြောင်းရင်းတစ်ခုဖြစ်လာသလိုHUAWEIအနေနဲ့လည်း ခေတ်ရေစီးကြောင်းအလိုက် ပြောင်းလဲလာတဲ့အသုံးပြုသူတွေရဲ့လိုအပ်ချက်တွေကို ကြိုတင်မှန်းဆတွက်ချက်ပြီး ပြင်ဆင်နိုင်ခဲ့လို့ပဲဖြစ်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။
အချုပ်အားဖြင့် ဆိုရသော်ရေတိုကာလအတွင်း တစ်ကမ္ဘာလုံးအတိုင်းအတာအရ ကပ်ရောဂါဘေးကြောင့် စမတ်ဖုန်း ထုတ်လုပ်သူများ အတွက် ဂယက်ဆိုးရိုက်ခတ်ခံခဲ့ရသော်လည်း HUAWEI အနေနှင့် ယခင်ကာလကတည်းက သုတေသနနှင့်ဖွံဖြိုးရေးလုပ်ငန်းများတွင် စဉ်ဆက်မပြတ်အားစိုက်ပြီး အသုံးပြုသူများလိုအပ်ချက်နှင့် ကိုက်ညီမည့် ကုန်ပစ္စည်းများကို ထုတ်လုပ်ရောင်းချနိုင်မှု၊ ရေရှည်အတွက်အကျိုးများစေမည့် all-scenario smart ecosystem ကို အာရုံစိုက်လာခဲ့မှုနှင့် အချိန်တိုအတွင်း အရှိန်ရလာခဲ့သည့် HUAWEI AppGallery ကို ပိုမိုတိုးတက်ကောင်းမွန်လာအောင် လုပ်ဆောင်နိုင်ခဲ့ခြင်း စသည်တို့ကြောင့် လျင်မြန်စွာ အရှိန်ပြန်လည်ရရှိလာခဲ့ပြီး ရလဒ်ကောင်းများ ရရှိခဲ့ခြင်း ဖြစ်ပါသည်။
Source – Huawei