iPhone 12 တွေနဲ့ပတ်သက်တဲ့ နောက်ထပ် ပေါက်ကြားမှုတွေကတော့ XDA ရဲ့ Max Weinbach နဲ့ EverythingApplePro တို့ကတစ်ဆင့် ထွက်ပေါ်လာပြန်ပြီ ဖြစ်ပါတယ်။ စိတ်ဝင်စားဖို့အကောင်းဆုံးအချက်ကတော့ iPhone 12 Pro နဲ့ iPhone 12 Pro Max တို့မှာ 12oHz ProMotion ပါဝင်လာမယ်ဆိုတာပါပဲ။
ProMotion ဆိုတာက 120Hz refresh rate ကို နာမည်သီးသန့်ပေးထားတာပါ။ မျက်နှာပြင်ဟာ တစ်စက္ကန့်မှာ ကြိမ်ရေ ၁၂၀ Refresh လုပ်ပေးတာပါ။ Apple တော့ 120Hz ဒါမှမဟုတ် 60Hz နဲ့ 90Hz ဆိုပြီး ရွေးချယ်ဖို့ မလုပ်ထားပါဘူး။ ProMotion က Content ပေါ်မူတည်ပြီး 60Hz နဲ့ 120Hz ကြား အလိုအလျောက်ပြောင်းပေးသွားပါလိမ့်မယ်။
Apple က ဒီနှစ်မော်ဒယ်တွေမှာ ဘက်ထရီစွမ်းဆောင်ရည်ကိုပိုပြီး မြှင့်တင်ဖို့ စီစဉ်နေပါသေးတယ်။ အကြောင်းကတော့ 5G device တွေဟာ ဘက်ထရီစားသုံးမှု ပိုများတဲ့အတွက်ကြောင့်ပါ။ ဒါကို ကာမိအောင်လို့ Apple က ပြင်ဆင်နေတာလို့လည်း ဆိုနိုင်ပါတယ်။ iPhone Pro Max မှာ 4,400mAh လောက်တော့ မျှော်လင့်နိုင်တယ်လို့ ဆိုပါတယ်။
ကင်မရာပိုင်းမှာလည်း 5mm lens တွေ သုံးလာမယ်လို့ ဆိုပါတယ်။ ဒီလိုဆိုရင်တော့ Low-light photography မှာ ပိုတိုးတက်လာမှာဖြစ်ပြီး Auto-focus ပိုင်းကလည်း ၂ ဆကနေ ၃ ဆအထိ ပိုမြန်လာနိုင်မှာပါ။ Image stabilization ပိုင်းလည်း တိုးတက်ပြောင်းလဲမှာဖြစ်ပြီး Sensor-shift image stabilization နည်းပညာအသစ်ကို အသုံးပြုလာမယ်လို့ Ming-Chi Kuo က ပြောထားပါသေးတယ်။ တုန်ခါမှုတွေကို ဖယ်ဖို့ lens အစား Sensor ကိုပဲ ချိန်ညှိပေးမယ်လို့ ဆိုပါတယ်။
iPhone 12 နဲ့ 12Plus တွေမှာ Wide နဲ့ Ultra-wide ကင်မရာတွေ ပါဝင်မှာဖြစ်ပြီး Pro မော်ဒယ်တွေမှာတော့ 3x optical zoom telephoto lens တွေ ပါဝင်မယ်လို့ ဆိုပါတယ်။ နောက်ဆုံးပေါ် iPad Pro မော်ဒယ်တွေမှာပါတဲ့ LiDar depth sensor လည်း ပါလာဦးမယ်လို့ ဆိုပါတယ်။ 64MP ကင်မရာတွေကို စမ်းသပ်နေပေမယ့် အင်ဂျင်နီယာတွေက ရလဒ်ပိုင်းနဲ့ပတ်သက်ပြီး စိတ်တိုင်းမကျသေးတာကြောင့် iPhone 12 စီးရီးမှာတော့ 12MP sensor တွေကိုပဲ မျှော်လင့်ရတော့မယ်လို့ ဆိုပါတယ်။
မိုက်ခရိုဖုန်းပိုင်းမှာလည်း တိုးတက်လာမှာဖြစ်ပြီး Audio Zoom feature ပါဝင်လာမယ်လို့ ဆိုပါတယ်။ Face Id တွေမှာ ပိုကျယ်ပြန့်တဲ့ Field-of-view တွေပါဝင်လာမှာဖြစ်ပြီး iPhone 12 စီးရီးတွေအနေနဲ့ မတူညီတဲ့ ထောင့်တွေကနေပါ Unlock ပြုလုပ်လို့ ရလာလိမ့်မယ်လို့ ဆိုပါတယ်။ အရောင်အနေနဲ့လည်း Navy Blue တစ်ရောင် ထပ်တိုးလာမယ်လို့ ဆိုပါတယ်။
Ref: Phone Arena