အိန္ဒိယမှာ Lockdown ဖြေလျှော့ပေးလိုက်တဲ့အတွက် Vivo က V19 ကို ရောင်းပေးလိုက်ပါပြီ။ အဲဒီ ဖုန်းကို ဧပြီလမှာ ကြေညာခဲ့ပေမယ့် ကိုရိုနာဗိုင်းရက်စ်ကြောင့် အိန္ဒိယမှာ ရောင်းချဖို့ နှောင့်နှေးခဲ့ပါတယ်။ Global Vivo V19 မှာ ၆.၄၄ လက်မ FHD+ Super AMOLED မျက်နှာပြင် တပ်ဆင်ထားပြီး Dual Punch Hole မှာ 32MP Main နဲ့ 8MP Ultrawide ကင်မရာ ၂ လုံး ပါလာပါတယ်။ 20:9 Aspect Ratio သုံးထားပြီး လက်ဗွေရာ ကိရိယာ ပါပါတယ်။

အနောက်ဘက်မှာ 48MP Main , 8MP Ultrawide , 2MP Macro နဲ့ 2MP Depth ကင်မရာ ၄ လုံး တပ်ဆင်ထားပြီး Snapdragon 712 SoC မောင်းနှင်ထားပါတယ်။ 8GB RAM ပါလာပြီး 128GB or 256GB Storage တွေ ရွေးချယ်နိုင်ပါတယ်။

Android 10 အခြေပြု Funtouch OS မောင်းနှင်ထားပြီး 33W Wired Charging ပါတဲ့ 4,500mAh ဘက်ထရီ ထောက်ပံ့ထားပါတယ်။ ငွေနဲ့ အနက်ရောင် ထုတ်လုပ်ထားပြီး 8/128GB ကို ၂၇,၉၉၀ နဲ့ 8/256GB ကို ၃၁,၉၉၀ ရူပီး သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၅ သိန်း ၂ သောင်းနဲ့ ၅ သိန်း ၉ သောင်းလောက် အသီးသီး ကျသင့်မှာပါ။ မေလ ၁၅ ရက်နေ့မှာ ရောင်းချမှာပါ။

Ref : gsmarena