OPPO Find X2 Pro အတွက် အစိမ်းရောင် ထွက်လာပြီ ဖြစ်ပြီး Green Vegan Leather လို့ နာမည်ပေးထားပါတယ်။ တရုတ်မှာ ကြိုတင်မှာယူခွင့်ပေးလိုက်ပြီ ဖြစ်ပြီး ဇွန်လ ၁ ရက်နေ့ ရောင်းပေးမှာ ဖြစ်ပါတယ်။ JD, Tmall နဲ့ OPPO ရဲ့ တရားဝင် အွန်လိုင်း စတိုးတွေကနေ ရောင်းချပေးနေပါတယ်။

အရင်ကတော့ OPPO Find X2 Pro အတွက် Orange Vegan Leather အရောင် ၁ မျိုးထဲကိုပဲ ရောင်းပေးထားတာ ဖြစ်ပါတယ်။ အနောက်ဘက်က ပလတ်စတစ်နဲ့ ပြုလုပ်ထားတဲ့ သားရေ အတု ဒီဇိုင်း ဖြစ်ပေမယ့် အစစ်နဲ့ အရမ်းကို တူပါတယ်။ အဲဒီ မော်ဒယ်ဟာ Ceramic Version ထက် ပိုပေါ့ပါးပါတယ်။

OPPO က မတ်လ နှောင်းပိုင်းမှာ Gray Vegan Leather အရောင်ကို ရောင်းပေးခဲ့ပေမယ့် အခုထက်ထိ ဥရောပမှာ မရခဲ့ကြပါဘူး။ Black Ceramic နဲ့ Orange Leather အရောင်တွေကိုပဲ ဝယ်ယူနိုင်တာ ဖြစ်ပါတယ်။ အဲဒီအတွက် Green Vegan Leather အရောင်က ရွေးချယ်စရာ အသစ် ၁ ခု ဖြစ်လာမှာပါ။  အရောင် အသစ်ရဲ့ ပရိုမို ဗီဒီယိုကို အောက်မှာ ကြည့်နိုင်ပါတယ်။

Green Leather မှာ 12GB RAM နဲ့ 256GB Storage ပါလာပြီး ယွမ် ၇,၀၀၀ သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၁၃ သိန်းလောက်ရှိပါတယ်။ Orange မှာ 8GB RAM နဲ့ 128GB Storage ထည့်ထားပြီး ၅,၅၀၀ ယွမ် သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၁၀ သိန်း ၈ သောင်းလောက်ပဲရှိပါတယ်။

Ref : gsmarena