Vivo X50 Series ကို ဇွန်လ ၁ ရက်နေ့မှာ ကြေညာတော့မှာ ဖြစ်ပြီး X50 , X50 Pro နဲ့ X50 Pro+ ၃ လုံးထွက်လာမှာပါ။ အခုတော့ X50 Pro+ ရဲ့ ဓါတ်ပုံနဲ့ Specs တွေ ထွက်လာပါတယ်။ Snapdragon 865 Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး Samsung 50MP ISOCELL GN1 Sensor တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ 120Hz HDR10+ OLED မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး 44W Fast Charging ထောက်ပံ့ထားမှာပါ။

X50 Pro မှာ 90Hz HDR10+ မျက်နှာပြင် ထည့်သွင်းထားမှာဖြစ်ပြီး X50 မှာ HDR မထည့်ထားပါဘူး။ X50 Pro မှာ 48MP Sony IMX598 နဲ့အတူ 8MP Periscope Telephoto (60x Zoom) , 13MP (2x Optical Zoom) , 13MP Ultrawide နဲ့ 8MP Macro ကင်မရာတွေ ထည့်သွင်းထားမှာပါ။ ပင်မ ကင်မရာကလွဲလို့ ကျန်တဲ့ ကင်မရာတွေ X50 Pro+ မှာလည်း ပါလာမှာ ဖြစ်ပါတယ်။ X50 မှာတော့ 48MP ကင်မရာ ပါလာမယ်လို့ သတင်းထွက်လာပေမယ့် တခြား ကင်မရာတွေကို မသိရသေးပါဘူး။

ထွက်ပေါ်နေတဲ့ ဓါတ်ပုံတွေအရ အဲဒီ စမတ်ဖုန်း ၃ လုံးမှာ ကွာခြားချက် အနည်းငယ် ပါလာမှာ ဖြစ်ပြီး Specs အများစုက တူညီမှာပါ။ အဲဒီအတွက် ဈေးတွေက မတိမ်းမယိမ်း သတ်မှတ်ထားမှာ ဖြစ်ပြီး X50 Pro ကို ၃,၉၉၈ ယွမ်နဲ့ ရောင်းမယ်လို့ သတင်းထွက်နေပါတယ်။ မြန်မာငွေ ၇ သိန်း ၈ သောင်းလောက်ကျသင့်မှာ ဖြစ်ပါတယ်။ Pro+ ကတော့ ယွမ် ၄,၀၀၀ ကျော်သွားမှာ သေချာပါတယ်။

Ref : gsmarena