ပြီးခဲ့တဲ့ ၁ ပတ်က အိန္ဒိယမှာ ကြေညာခဲ့တဲ့ realme Watch ရဲ့ ပထမဆုံး အသုတ်ကို အဲဒီမှာ ရောင်းပေးလိုက်ပြီ ဖြစ်ပါတယ်။ ၂ မိနစ်အတွင်း အလုံးရေ ၁၅,၀၀၀ တောင် ရောင်းချရတဲ့အတွက် ရောင်းအား လန်းနေပါတယ်။ အိန္ဒိယမှာ အဲဒီ စမတ်နာရီကို ၃,၉၉၉ ရူပီး သတ်မှတ်ထားပြီး မြန်မာငွေ ၇ သောင်း ၄ ထောင်လောက် ကျသင့်မှာပါ။
Breaking records after records, in speed!
15K+ #realmeWatch units sold within 2 mins on 1st sale.After Smartphones, Smart Audio and Smart TVs, now we are one more step closer in our journey of becoming the most popular Tech-Lifestyle brand with our Smart Watch.#TimeToBeSmarter pic.twitter.com/QmnqGC1WTU
— realme (@realmemobiles) June 5, 2020
အိန္ဒိယမှာ ကုမ္ပဏီရဲ့ တရားဝင် ဝက်ဘ်ဆိုက်နဲ့ နာမည်ကျော် အွန်လိုင်းစတိုး Flipkart တို့ကနေ ရောင်းပေးခဲ့တာ ဖြစ်ပြီး မဝယ်လိုက်ရတဲ့ သူတွေအတွက် ဒီလ ၉ ရက်နေ့မှာ ဒုတိယ အသုတ် ရောင်းချပေးမှာ ဖြစ်ပါတယ်။ realme Watch မှာ ၁.၄ လက်မ Color Touchscreen မျက်နှာပြင် ထည့်သွင်းထားပြီး Watch Faces ၁၂ ခုပါလာပါတယ်။ ၂၄ နာရီပတ်လုံး နှလုံးခုန်နှုန်း တိုင်းတာပေးတဲ့ စွမ်းရည်ပါလာသလို အိပ်စက်မှု အခြေ့အနေနဲ့ သွေးတွင်းအောက်ဆီဂျင် ပါဝင်မှု ပမာဏကို တွက်ချက်ပေးနိုင်ပါတယ်။
IP68 စံနှုန်း ပါတဲ့အတွက် ရေစိုခံသလို ဖုန်မဝင်အောင် ကာကွယ်ပေးနိုင်ပါတယ်။ Incoming Calls , SMS နဲ့ App Notification တွေကို စမတ်နာရီမှာ ပြသပေးတဲ့ Smart Notifications လုပ်ဆောင်ချက် ပါလာပါတယ်။ 160mAh ဘက်ထရီ ထည့်သွင်းထားပြီး ၉ ရက်လောက် အသုံးခံပါတယ်။
Ref : gsmarena