Xiaomi ကနေ အခုအချိန်မှာ AX3600 နဲ့ AX1800 ဆိုပြီး Wi-Fi 6 Router ၂ မျိုးကို မိတ်ဆက်ထားပြီးဖြစ်ပါတယ်။ အခုလည်း စျေးပိုသက်သာတဲ့ Redmi AX5 Wi-Fi 6 Router ကို မိတ်ဆက်လိုက်ပြီလို့ သိရပါတယ်။

အဆိုပါ Redmi AX5 Wi-Fi 6 Router ဟာ စျေးနှုန်းအနေနဲ့ တရုတ်ယွမ်ငွေ ၂၂၉ ယွမ်ပဲ ကျသင့်မှာဖြစ်ပြီး မြန်မာငွေအနေနဲ့ဆိုရင် ငွေကျပ် ၄ သောင်းခွဲဝန်းကျင်ပဲ ကျသင့်မှာဖြစ်တဲ့အတွက် Wi-FI 6 Router တစ်ခုအနေနဲ့ စျေးတော်တော်လေးသက်သာတယ်လို့ ပြောရမှာပါ။ အဆိုပါ Redmi AX5 Wi-Fi 6 Router ကို တရုတ်နိုင်ငံအတွင်းမှာ လာမယ့် ဇွန်လ ၁၀ ရက်နေ့ကနေ စတင်ပြီး ရောင်းချသွားမယ်လို့ သိရပါတယ်။

Redmi AX5 Router မှာဆိုရင် Signal Amplifier Antenna ၄ ခုပါဝင်မှာဖြစ်ပြီး Signal Strength ကို 4dB နဲ့ Coverage ကို ၅၀ ရာခိုင်နှုန်းအထိ တိုးလာစေမယ်လို့ သိရပါတယ်။ Maximum Download Speed အနေနဲ့ 1775Mbps အထိ ရရှိမှာဖြစ်ပြီး ယခင် Wi-Fi 5 ထက် ၅၂ ရာခိုင်နှုန်းပိုမိုမြန်ဆန်လာမယ်လို့ သိရပါတယ်။

ဒါတင်မဟုတ်သေးဘဲ 14nm Node Process နဲ့ ပြုလုပ်ထားတဲ့ Qualcomm Penta-core Enterprise-class Chipset ၊ Independent NPU တွေပါဝင်မှာဖြစ်သလို Device ပေါင်း ၁၂၈ ခုအထိ ဆက်တိုက်ချိတ်ဆက်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ ဘာပဲဖြစ်ဖြစ် စျေးသက်သာတဲ့ Wi-Fi 6 Router တစ်ခုကို ရှာနေတယ်ဆိုရင် ဒီ Redmi AX5 Wi-Fi 6 Router က ရွေးချယ်စရာဖြစ်လာမှာပါ။

Ref – Gizmo China