Facebook ဟာ လက်ရှိအချိန်မှာ အသုံးပြုသူအများဆုံး Social Media တစ်ခုဖြစ်သလိုပဲ Fake News တွေနဲ့ သက်တမ်းကြာမြင့်နေတဲ့သတင်းဟောင်းတွေလည်း အများအပြားရှိနေပါတယ်။ လက်ရှိအချိန်မှာလည်း Facebook ကနေ သတင်းမှားတွေနဲ့ပတ်သက်ပြီး သေချာကိုဆောင်ရွက်နေသလို အခုလည်း သတင်းဟောင်းတွေနဲ့ ပတ်သက်ပြီး Feature တစ်ခုကို ထုတ်ပေးလိုက်ပါပြီ။
ဒါကတော့ တကယ်လို့ ကိုယ်ကနေ ပြန်လည် Share ပြုလုပ်မယ့်သတင်းဟာ တကယ်လို့ ရက် ၉၀ (၃ လ) နဲ့အထက် သက်တမ်းကြာနေပြီဆိုရင် မ Share ခင်မှာ သတိပေးသွားမှာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် တယ်လို့ သက်တမ်းကြာနေပြီဖြစ်တဲ့သတင်းတစ်ခုကို တင်ထားတဲ့ရက်ကို သတိမထားမိဘဲ Share မိတာမျိုးကို ရှောင်ရှားနိုင်မှာပါ။
Facebook ရဲ့ Feed-and-Stories အပိုင်းရဲ့ Vice-President ဖြစ်တဲ့ John Hegeman ကလည်း Facebook ရဲ့ Internal Research အရ သတင်းတစ်ခုကို ထုတ်ပြန်တဲ့အချိန်က လူတွေအတွက် ဖတ်ဖြစ်ပြီး Share ဖို့အထိ ယုံကြည်မှုတစ်ခုကိုပေးနိုင်တဲ့နေရာမှာ အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုဖြစ်တယ်ဆိုပြီး ပြောကြားခဲ့ပါတယ်။
လောလောဆယ်မှာ Facebook ကနေ သတင်းမှားတွေအတွက် Verification Tool အသစ်ကို ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ထဲက စတင်အသုံးပြုလာသလို မကြာသေးခင်တုန်းကလည်း COVID-19 နဲ့ ပတ်သက်တဲ့ Information Center ကိုပါ မိတ်ဆက်ခဲ့ပါသေးတယ်။ ယခုလို အလားတူ Feature တစ်ခုလို့ ပြောရမယ့် သတင်းကို မဖတ်ရသေးဘဲ Retweet ပြုလုပ်တဲ့အချိန်မှာ သတိပေးတဲ့ Feature ကိုလည်း Twitter ကနေ ပြီးခဲ့တဲ့ရက်သတ္တပတ်တုန်းက ထုတ်ပေးခဲ့ပါသေးတယ်။
Ref – Engadget