ZTE Blade A3v ကို Google Play Console မှာ မော်ဒယ်နံပါတ် Z5157V နဲ့အတူ တွေ့မြင်လာပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဒီဟန်းဆက်အနေနဲ့ မကြာခင်အချိန်အတွင်းမှာ တရားဝင်မိတ်ဆက်ခြင်းခံရတော့မယ်လို့ ဆိုနိုင်ပါတယ်။ ဒီ Device ဟာ ရိုးရှင်းတဲ့ အမျိုးအစားတစ်ခုလို့ ဆိုရမှာပါ။

ZTE Blade A3v ဟာ ဒီလအစောပိုင်းတုန်းက Yahoo Mobile နဲ့ Visible တို့မှာတွေ့ရတဲ့ Blade A3 Prime နဲ့ အတော်လေးကို ဆင်တူတယ်လို့ ဆိုနိုင်ပါတယ်။ Blade A3 Prime ကတော့ $99 နဲ့ စတင်ခဲ့တာဖြစ်ပါတယ်။ ဒီ Device နှစ်ခုစလုံးဟာ Verizon အခြေခံ MVNO ကွန်ရက် အတွက်ဖြစ်ပါတယ်။

မော်ဒယ်နာမည်မှာ “v” ပါဝင်တာတာကြောင့် ဒီဟန်းဆက်ဟာ Verizon carrier အတွက် သီးသန့်ပဲလို့ ယူဆချင်စရာ ဖြစ်ပါတယ်။ ZTE Blade A3v ဟာ Quad-core Cortex-A53 CPU 2.0 GHz အမြန်နှုန်းနဲ့ PowerVR GE8300 GPU (660 MHz) ရှိတဲ့ MediaTek Helio A22 chipset ကို အသုံးပြုထားပြီး Android 10 မောင်းနှင်ထားတာ ဖြစ်ပါတယ်။

မန်မိုရီကတော့ 2GB ဖြစ်ပြီး သိုလှောင်မှုပမာဏကတော့ ဘယ်လောက်ရှိမယ်ဆိုတာကို မသိရသေးပါဘူး။ မျက်နှာပြင်ဟာ 5.5-inch ဖြစ်ပြီး 720 x 1440 px resolution ရှိပါတယ်။ Pixel သိပ်သည်းဆ 320 dpi နဲ့ Blade A3v ဟာ Blade A3 (2019) နဲ့ တူညီပြီး A3 Prime ထက် အနည်းငယ်သာ ပိုကြီးမယ်လို့ ဆိုနိုင်ပါတယ်။ ဒါ့အပြင် ZTE Blade A3v ဟာ ပြီးခဲ့တဲ့မေလက FCC နဲ့ Bluetooth SIG မှာ အသိအမှတ်ပြုခံခဲ့ရပြီးဖြစ်ပါတယ်။

Ref: GSM Arena