Samsung နောက်ထုတ်မယ့် Galaxy Watch 3 ရဲ့ သတင်းနဲ့ဓါတ်ပုံများစွာ ထွက်ပေါ်ခဲ့ဖူးပေမယ့် ရှုထောင့်မျိုးစုံက ရိုက်ထားတဲ့ ဗီဒီယိုကတော့ အခုမှ ထွက်လာတာပါ။ evleaks က အနက်ရောင် 45mm Model ရဲ့  ၃၆၀ ဒီဂရီ ဗီဒီယို ၁ ခုကို မျှဝေလိုက်ပါတယ်။ Leakster ၁ ယောက်ဖြစ်တဲ့ Max Weinbach ကလည်း စမတ်နာရီရဲ့ Firmware ကို ရရှိခဲ့ပြီး လုပ်ဆောင်ချက် တချို့ကို ဖွလိုက်ပါတယ်။

Samsung က စတိုးမှာ Watch Face အသစ်များစွာ တင်ပေးထားပြီး သင့်စိတ်ကြိုက် Stats တွေကို ပြသပေးသလို အရောင်ကိုပါ ပြောင်းနိုင်တဲ့ Informative Digital Edge အသစ်လည်း ပါပါတယ်။ Weather App က ရာသီဥတု အခြေအနေ အလိုက် သင့်တော်တဲ့ နောက်ခံကို ပြောင်းပေးပါတယ်။ Calendar မှာလည်း အမျိုးသမီးတွေရဲ့ ဓမ္မတာ စက်ဝန်းကို ပြသပေးနိုင်လာသလို သင်လုပ်ရမယ့် အလုပ်တွေကိုလည်း မြင်ရပါတယ်။

Galaxy Watch 3 မှာ Music Widget အသစ်နဲ့ Notification Icons အသစ်တွေ ပါလာမှာပါ။ အမေရိကန်မှာတော့ Spotify ကို ကြိုတင်ထည့်သွင်းပေးထားမှာ ဖြစ်ပါတယ်။ Samsung ဟာ တောင်ကိုရီးယားမှာ ECG Monitor အတွက် လိုင်စင် ရထားတဲ့အတွက် ECG Monitor ကိုတော့ အဲဒီ နိုင်ငံမှာပဲ အသုံးပြုနိုင်မှာပါ။

Ref : gsmarena