Android Version အသစ်တိုင်းလိုလိုမှာ Emoji အသစ်တွေ ပါလာကြပြီး Android 11 မှာလည်း အလားတူပဲ ဖြစ်ပါတယ်။ တိတိကျကျပြောရရင် Android 11 မှာ Emoji အသစ် ၁၁၇ ခုတောင် ထည့်သွင်းထားပါတယ်။ လက်ရှိမှာ စာသားနဲ့ Messages တွေထဲမှာ Emoji ကို သုံးချင်ရင် Emojipedia လို နေရာတွေကနေ Copy/Paste လုပ်ရတာပါ။ ဒါပေမယ့် အခုတော့ ပြောင်းလဲလာတော့မှာ ဖြစ်ပြီး နောက်ဆုံးထုတ် Gboard Beta မှာ Android 11 ရဲ့ Emoji Set ၁၃ ခုကို ထောက်ပံ့လာပါတယ်။

Gboard Version 9.6.2.319852869 ကို အင်စတောလုပ်ပြီးတာနဲ့ Emoji Panel မှာ အသစ်တွေကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ Comma Button ကို ဖိထားရင် အဲဒီ Emoji Panel ကို ရောက်မှာဖြစ်ပြီး Bubble Tea , Mrs. Claus , Black Cat , Seal, Polar Bear တို့လို Emoji အသစ်တွေကို မြင်ရပါတယ်။ လက်ရှိအချိန်မှာတော့ အဲဒီ Emoji အသစ်တွေကို သုံးဖို့အတွက် Search Bar ကနေ ရှာလို့ မရဘဲ Manually လိုက်ရှာရမှာပါ။ Gboard Stable Version ထွက်လာရင်တော့ Search Bar ကနေ ရှာလို့ရလာနိုင်ပါတယ်။

Gboard Beta Version မှာ အဲဒီ Emoji အသစ်တွေကို အသုံးပြုလို့ရပေမယ့် မတည်ငြိမ်သေးဘဲ Bugs တွေ ပါလာနိုင်ပါတယ်။ Stable Version မှာ သုံးလို့ရဖို့အတွက် လအနည်းငယ်ကြာဦးမယ်လို့ ထင်ရပါတယ်။ Apple နဲ့ Third-party Android App တွေမှာ ထောက်ပံ့လာတဲ့အချိန်ကျမှ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလို့ရလာမှာပါ။ Android 11 တင်ထားပြီး Emoji အသစ်တွေကို မြည်းစမ်းချင်ရင် ဒီလင့်ကနေ Play Store မှာ Gboard Beta ကို Join နိုင်ပါတယ်။

Ref : androidpolice