OPPO က Lamborghini နဲ့ ပူးပေါင်းပြီး Find X အတွက် အထူးထုတ် Edition ကို ထုတ်လုပ်ရောင်းချပေးခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့ မတ်လတုန်းကလည်း Find X2 Pro အတွက် Automobili Lamborghini Edition ကို တရုတ်မှာ ရောင်းချပေးခဲ့ပါတယ်။ အခုတော့ ဥရောပမှာပါ ဝယ်ယူနိုင်ပြီ ဖြစ်ပါတယ်။

ဆွစ်ဇာလန်မှာ ၂,၁၃၀ ဒေါ်လာ ဝန်းကျင်လောက် ရှိပြီး မြန်မာငွေ ၂၉ သိန်းလောက် ကျသင့်မှာပါ။ 12GB RAM နဲ့ 512GB UFS 3.0 Storage တွေ ထည့်သွင်းထားပြီး လက်လုပ် Microfiber သားရေ Case , TWS နားကြပ် နဲ့ Car Charger တွေ ပါလာပါတယ်။ အားလုံးမှာ Lamborghini ရဲ့ နာမည်ကျော် Bull Logo ရေးထွင်းထားပါတယ်။

Find X2 Pro Pro Automobili Lamborghini Edition ဟာ ရိုးရိုး မော်ဒယ်တွေနဲ့ ဒီဇိုင်းအပိုင်းမှာ ကွာခြားပါတယ်။ OPPO က Aventador SVJ Roadster ရဲ့ ဒီဇိုင်းကို အခြေပြုထားတာလို့ ပြောပါတယ်။ အနောက်ဘက် ဖန်မျက်နှာပြင်ကို Carbon Fiber နဲ့ တူအောင် အထူး ဖန်တီးထားပြီး Lamborghini ရဲ့ Classic Hexagonal ဒီဇိုင်းကို သုံးထားပါတယ်။ အနောက်ဘက်မှာ OPPO Logo နဲ့ Lamborghini Logo ၂ ခု ပါပါတယ်။

Find X2 Pro Pro Automobili Lamborghini Edition မှာ ၆.၇ လက်မ QHD 120Hz မျက်နှာပြင်ပါလာပြီး Gorilla Glass 6 နဲ့ ကာကွယ်ထားပါတယ်။ SD865 နဲ့ 65W SuperVOOC 2.0 Flash Charge ပါတဲ့ 4260mAh ဘက်ထရီ ထည့်ထားပါတယ်။ အနောက်ဘက်မှာ 48MP Main , 48MP Ultrawide , 13MP Telephoto တွေနဲ့ အရှေ့ဘက်မှာ 32MP ဆဲလ်ဖီး ကင်မရာ ထောက်ပံ့ထားပါတယ်။

Ref : gizmochina