OPPO က စမတ်ဖုန်း Series များစွာမှာ 5G ဆက်သွယ်မှုတွေ ထည့်သွင်းပေးနေပါတယ်။ Reno , Find X နဲ့ A Series တွေ ပြီးနောက်မှာ အခုတော့ K Series အတွက် 5G ဆက်သွယ်မှု ပံ့ပိုးပေးတော့မယ်လို့ ဝီဘိုကနေ သတင်းထွက်လာပါတယ်။
အဲဒီ ဖုန်းက OPPO K7 5G ဖြစ်ပြီး မကြာခင် ကြေညာတော့မှာပါ။ အဲဒီဖုန်းမှာ Snapdragon 765G Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး စွမ်းဆောင်ရည်သင့် ဖုန်း အမျိုးအစား ဖြစ်ပါတယ်။ OPPO K5 ရဲ့ မျိုးဆက်ဖြစ်ပြီး K7 5G မှာ ၆.၄ လက်မ AMOLED Full HD+ မျက်နှာပြင် ထည့်သွင်းထားမှာပါ။ အနောက်ဘက်မှာ 48MP Main ကင်မရာ ပါလာမှာ ဖြစ်ပြီး 30W Fast Charging ထောက်ပံ့တဲ့ 4,025mAh ဘက်ထရီ ထည့်ထားမှာပါ။ VOOC 4.0 စံနှုန်း အားသွင်း စနစ် ထောက်ပံ့ထားမှာပါ။
ကင်မရာတွေရဲ့ Pixel အရေအတွက်ကို ကြည့်ရင်တော့ အရင်မျိုးဆက်ထက် နိမ့်နေပေမယ့် OPPO K5 ရဲ့ 64MP ကင်မရာထက် Processing ပိုကောင်းတဲ့ Sensor အသစ် ပါလာနိုင်ပါတယ်။ OPPO K7 5G မှာ အနောက်ကင်မရာ ၄ လုံး ထည့်သွင်းထားမှာ ဖြစ်ပြီး FP Scanner သတင်းကို မသိရသေးပါဘူး။ မျက်နှာပြင်အောက်မှာ မြှပ်နှံထားမယ်လို့ ထင်ရပါတယ်။
Ref : gsmarena