ပြောရမယ်ဆိုရင်တော့ Samsung ဟာ Galaxy M51 ကို လွန်ခဲ့တဲ့ ဒီဇင်ဘာလကုန်ကတည်းက စတင်ထုတ်လုပ်နေပြီဆိုပြီး သတင်းထွက်ခဲ့တာပါ။ တကယ်တော့ ပြီးခဲ့တဲ့ ဇွန်လဆန်းကမှ Geekbench မှာတွေ့မြင်ကြရတာဖြစ်ပြီး လာမယ့် စက်တင်ဘာလထဲမှာ ရောင်းချမယ်လို့ ထပ်ပြီးသတင်းထွက်လာတာ ဖြစ်ပါတယ်။

Galaxy M51 ရဲ့ CAD render ပုံရိပ်တွေကတော့ လွန်ခဲ့တဲ့ မတ်လတုန်းက ထွက်ပေါ်လာခဲ့တာပါ။ ဒီ Render တွေအရ Galaxy M51 ဟာ ကျောဘက်မှာ ကင်မရာလေးလုံး တပ်ဆင်ထားတာကို မြင်တွေ့သိရှိခဲ့ကြရပါတယ်။ ပိုပြီးစိတ်ဝင်စားစရာကောင်းတာက နောက်ပိုင်းထွက်လာတဲ့သတင်းတွေအရ အဓိကကင်မရာဟာ 64MP ဖြစ်မယ်ဆိုတာပါပဲ။

SamMobile ကနေ ထပ်ပြီး ရေးသားဖော်ပြခဲ့တဲ့သတင်းအရ ဒီ 64MP အဓိကကင်မရာကို 12MP ultrawide ကင်မရာနဲ့ ပေါင်းစပ်ပေးထားဦးမယ်လို့ သိရပါတယ်။ ဒါပေမယ့် ကျန်တဲ့ ကင်မရာနှစ်ခုအကြောင်းကိုတော့ SamMobile ကလည်း ဖော်ပြထားခြင်းမရှိသေးပါဘူး။

တောင်ကိုရီးယား နည်းပညာကုမ္ပဏီကြီးကတော့ Galaxy M51 နဲ့ ပတ်သက်တဲ့ ဘာသတင်းစကားတစ်ခုကိုမှ ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပါဘူး။ ဒါကြောင့် ပြီးခဲ့တဲ့လက Geekbench မှာ M51 လို့ ယုံကြည်ရတဲ့ မော်ဒယ်နံပါတ် SM-M515F နဲ့ ဟန်းဆက်ရဲ့ အချက်အလက်တွေကိုပဲ သိရှိနိုင်ကြဦးမှာ ဖြစ်ပါတယ်။

အဓိကအချက်အချို့အဖြစ် Galaxy M51 ဟာ Snapdragon 675 SoC ကို အသုံးပြုထားပြီး 8GB of RAM နဲ့ တွဲဖက်ထားကြောင်းသိရပါတယ်။ မောင်းနှင်တာကတော့ Android 10 ပါ။ Galaxy M51 ကို ဘယ်နေ့ဘယ်အချိန်မှာ ပွဲထုတ်မလဲဆိုတာကိုလည်း အတိအကျမသိရသေးတဲ့အတွက် နောက်ထပ်သတင်းတွေ ထပ်ထွက်လာဖို့ စိတ်ရှည်ရှည်ထားပြီး စောင့်ဆိုင်းရဦးမှာ ဖြစ်ပါတယ်။

Ref: GSM Arena