OPPO Reno Series စမတ်ဖုန်းတွေဟာ ထွက်ရှိခဲ့တာအချိန်အားဖြင့် ၁ နှစ်ကျော်ပဲရှိသေးတယ်ဆိုပေမယ့် အခုအချိန်မှာ Reno4 Series အထိကို ရောက်ရှိနေပြီဖြစ်ပါတယ်။ အစောပိုင်း Reno 10x Zoom နဲ့ Reno Ace Series ဖုန်းတွေပဲ Qualcomm Snapdragon 800 Series Chipset တွေကိုအသုံးပြုထားတာဖြစ်ပြီး တခြားသော Reno Series စမတ်ဖုန်းတွေက Mid Range Chipset တွေကိုပဲ အသုံးပြုနေတာဖြစ်ပါတယ်။

ဒါပေမယ့် ဒီလိုမျိုး Mid Range Chipset တွေကိုအသုံးပြုနေတာက မကြာခင်မှာပြောင်းလဲသွားတော့မှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် Chinese Leakster တစ်ဦးဖြစ်တဲ့ Digital Chat Station ကနေ လာမယ့် Reno Series စမတ်ဖုန်းအသစ်တွေမှာ Qualcomm Snapdragon 800 Series Chipset တွေကို အသုံးပြုလာမယ်လို့ ပြောကြားခဲ့ကြောင့်ပဲဖြစ်ပါတယ်။

လောလောဆယ်မှာတော့ Qualcomm ကနေ Snapdragon 865+ Chipset ကို မိတ်ဆက်ထားတဲ့အတွက် Reno5 Series စမတ်ဖုန်းအသစ်တွေမှာ အသုံးပြုလာဖို့များနေပါတယ်။ မိတ်ဆက်မယ့်အချိန်ကိုတော့ အတိအကျမသိရသေးပေမယ့် ယခုနှစ်အတွင်းမှာပဲ မိတ်ဆက်သွားဖို့များနေပါတယ်။

ဘာပဲဖြစ်ဖြစ် Reno Series စမတ်ဖုန်းတွေဟာ စတင်ထွက်ရှိတဲ့အချိန်တုန်းကတော့ Flagship Series ပုံစံမျိုးရည်ရွယ်ခဲ့တာဖြစ်ပေမယ့် နောက်ပိုင်းမှာ High-end နဲ့ Mid Range ဖုန်းစျေးကွက်ကို ပြောင်းလဲထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း မကြာခင်မှာတော့ Reno5 Series ဖုန်းတွေကို Flagship ဖုန်းတွေအနေနဲ့ ပြန်လည်မြင်တွေ့ရတော့မှာပါ။

Ref – Gizmo China