Samsung ဟာ Galaxy Note 20 စီးရီးကို နိုင်ငံတကာဈေးကွက်မှာ ဖြန့်ချိပြီး ဖြစ်ပေမယ့် တရုတ်ဈေးကွက်မှာတော့ အခုထိ ဖြန့်ချိခြင်း မပြုရသေးပါဘူး။ ပြီးခဲ့တဲ့ရက်ကတော့ တောင်ကိုရီးယားကုမ္ပဏီကြီးဟာ သူတို့ရဲ့ Flagship စီးရီးကို တရုတ်ဈေးကွက်ထဲ ဖြန့်ချိမယ့်ရက်ကို ကြေညာလိုက်ပါတယ်။

Galaxy Note 20 စီးရီးဟာ လာမယ့် သြဂုတ်လ ၁၃ ရက်နေ့မှာ တရုတ်ဈေးကွက်ထဲ တရားဝင်စတင် ရောင်းချတော့မှာ ဖြစ်ပါတယ်။ Galaxy Note 20 နဲ့ Galaxy Note 20 Ultra 5G တို့ကို ပွဲထုတ်သွားတာနဲ့အတူ Galaxy Watch3 နဲ့ Galaxy Buds Live တွေလည်း ပါဝင်လာမယ်လို့ Samsung က အတည်ပြုပြောဆိုခဲ့ပါတယ်။

တရုတ်နိုင်ငံဈေးကွက်မှာ ဖြန့်ချိမယ့် Galaxy Note 20 နဲ့ Galaxy Note 20 Ultra တို့ဟာ Snapdragon 865+ ဗားရှင်းတွေလည်း ဖြစ်ပါတယ်။ ဈေးနှုန်းတွေအနေနဲ့ Standard edition ဟာ 7699 ယွမ် (၁၅ သိန်း ၁ သောင်းဝန်းကျင်) ကစတင်ပြီး Galaxy Note 20 Ultra 5G 12GB+256GB ကတော့ 9599 ယွမ် (၁၈ သိန်း ၈ သောင်းဝန်းကျင်) ဖြစ်သလို၊ 12GB+512GB ကတော့ 10,399 ယွမ် (သိန်း ၂၀ နဲ့ ၄ သောင်းဝန်းကျင်) ဖြစ်ပါတယ်။

Galaxy Note 20 ဟာ 6.7-inch FHD+ flat AMOLED မျက်နှာပြင်နဲ့ဖြစ်ပြီး 8GB of RAM, 128GB သိုလှောင်မှုပမာဏနဲ့ ဖြစ်ပါတယ်။ ကျောဘက်မှာ 12MP+64MP+12MP ကင်မရာသုံးလုံး တပ်ဆင်ပေးထားပြီး Selfie ကင်မရာကတော့ 10MP ဖြစ်ပါတယ်။ In-display fingerprint ဖြစ်သလို 4,300mAh ပမာဏဘက်ထရီနဲ့ 25W အမြန်အားသွင်းစနစ်ကို ထောက်ပံ့ပေးထားပါတယ်။

Galaxy Note 20 Ultra 5G ကတော့ 6.9-inch Curved AMOLED မျက်နှာပြင်နဲ့ဖြစ်ပြီး 1440 x 3088 resolution, 120Hz refresh rate နဲ့ ဖြစ်ပါတယ်။ 12GB RAM နဲ့ 512GB storage တွဲဖက်ထားပါတယ်။ ကျောဘက်မှာတော့ 108MP အဓိက ကင်မရာအပါအဝင် ကင်မရာလေးလုံး တပ်ဆင်ပေးထားပြီး Selfie ကင်မရာကတော့ 10MP ဖြစ်ပါတယ်။ ဘက်ထရီပမာဏကတော့ 4,500mAh ဖြစ်ပါတယ်။

Ref: Gizmochina