Motorola ကနေ ပြီးခဲ့တဲ့နှစ်တုန်းက Razr နာမည်နဲ့ Foldable စမတ်ဖုန်းအသစ်ကို မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ Motorola Razr ဖုန်းဟာ Samsung Galaxy Galaxy Z Flip နဲ့ ယှဥ်ရင်တော့ အားနည်းနေပေမယ့် Design ပိုင်းအရ ဆင်တူတဲ့ Foldable Design ကို အသုံးပြုထားတာဖြစ်ပါတယ်။

အခုအချိန်မှာလည်း Motorola ကနေ Razr Foldable အသစ်ကို မိတ်ဆက်မယ့်အချိန်ကို တရားဝင်ကြေညာလိုက်ပါပြီ။ အဆိုပါ ကြေညာချက်အရ Razr Foldable ဖုန်းသစ်ဟာ လာမယ့် စက်တင်ဘာလ ၉ ရက်နေ့မှာ မိတ်ဆက်သွားမှာဖြစ်ပါတယ်။

Motorola ဟာ အဆိုပါ Razr ဖုန်းသစ်ကို နာမည်အနေနဲ့ Razr 5G သို့မဟုတ် Razr 2020 လို့ပဲ ပေးသွားမယ်လို့ သိရပါတယ်။ အစောပိုင်းတုန်းက ထွက်ရှိခဲ့တဲ့ Hands-on ဓါတ်ပုံတွေအရလည်း မနှစ်တုန်းက Motorola Razr နဲ့ ဆင်တူတဲ့ Design ကိုပဲ ဆက်လက်အသုံးပြုလာဦးမှာဖြစ်ပြီး အနည်းငယ်ပဲအဆင့်မြှင့်တင်ထားမှာဖြစ်ပါတယ်။

အဓိကပြောင်းလဲမှုတွေအနေနဲ့ကတော့ Performance ပိုင်းဖြစ်ပြီးတော့ Qualcomm Snapdragon 765G 5G Chipset အပြင် RAM 8GB နဲ့ 256GB Storage တွေပါဝင်မှာဖြစ်ပါတယ်။ Camera ကိုလည်း 48MP Samsung ISOCELL Bright GM1 Sensor ကို အဆင့်မြှင့်တင်ထားမှာဖြစ်ပြီး Selfie Camera အတွက်ကတော့ 20MP Sensor ကို အသုံးပြုထားမယ်လို့ သိရပါတယ်။ Battery ပိုင်းအနေနဲ့ကတော့ 2845mAh Battery ပါဝင်မှာဖြစ်သလို အပြင်ဘက်က Display ကလည်း ပိုကြီးလာမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Motorola Razr Foldable ဖုန်းအသစ်ဟာ Samsung ကနေ မကြာသေးခင်တုန်းက မိတ်ဆက်ခဲ့တဲ့ Galaxy Z Flip 5G လောက်တော့ စွမ်းဆောင်ရည်ပိုင်းမှာ မှီမှာမဟုတ်ပေမယ့်လည်း စျေးနှုန်းအနေနဲ့ကတော့ ပိုပြီးသက်သာမယ်လို့ ယူဆရပါတယ်။

Ref – GSM Arena