ပြီးခဲ့တဲ့လကုန်ကတည်းက OPPO Reno4 နဲ့ Reno4 Pro တို့ဟာ နိုင်ငံတကာဗားရှင်းအနေနဲ့ ပွဲထွက်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် နိုင်ငံတကာဗားရှင်းအနေနဲ့ ထွက်လာတဲ့ဟန်းဆက်နှစ်ခုဟာ တရုတ်ပြည်တွင်းဗားရှင်းနဲ့တော့ လုံးဝကို ကွာခြားကြတာကို တွေ့မြင်ခဲ့ရပါတယ်။
အခုတော့ OPPO Reno 4 ဟာ နိုင်ငံတကာဈေးကွက်အတွက်လည်း 5G ဗားရှင်းအနေနဲ့ ထွက်လာမယ့် အထောက်အထားတွေ မြင်တွေ့နေရပြီဖြစ်ပါတယ်။ အဲဒါကတော့ Certification တွေပါပဲ။ Vanilla Reno4 5G ဟာ Geekbench မှာတွေ့မြင်ရပြီဖြစ်တဲ့အတွက် မကြာခင် ဈေးကွက်ထဲ ရောက်ရှိမယ်လို့ မျှော်လင့်ရပါတယ်။
မူရင်း OPPO Reno4 က ပြီးခဲ့တဲ့ ဇွန်လအစောပိုင်းကတည်းက တရုတ်ပြည်တွင်းဈေးကွက်မှာ ဖြန့်ချိခဲ့တာပါ။ တူညီတဲ့ ဟန်းဆက်ကို တခြားဒေသတွေမှာ ပွဲထုတ်လာမယ်လို့တော့ မျှော်လင့်ခဲ့ကြပေမယ့် ကုမ္ပဏီက နိုင်ငံတကဈေးကွက်အတွက် အဆင့်နိမ့်တဲ့ OPPO Reno4 ကိုပဲ ကြေညာခဲ့တာတော့ ဝမ်းနည်းစရာပဲ ဖြစ်ပါတယ်။
OPPO Reno4 စီးရီးကို နိုင်ငံတကာဗားရှင်းကို ဖြန့်ချိချိန်နီးလာတဲ့အခါ မူလ 5G ဗားရှင်းအတွက် Certification အတော်များများလည်း ထွက်ပေါ်လာခဲ့ပါတယ်။ MySmartPrice က ဖော်ပြတဲ့စာရင်းမှာတော့ OPPO CPH2091 အနေနဲ့ ရည်ညွှန်းထားပါတယ်။ ဒါဟာ တရုတ်ပြည်တွင်းဈေးကွက်မှာ OPPO Reno4 5G အနေနဲ့ မိတ်ဆက်ခဲ့တာပါ။
ဒီအချက်ကို ထောက်ချင့်ခြင်းအားဖြင့် ကုမ္ပဏီအနေနဲ့ နိုင်ငံတကာဈေးကွက်မှာ မူရင်းဟန်းဆက်တွေကိုပဲ ဖြန့်ချိမယ်လို့ ယူဆနိုင်ပါတယ်။ မူရင်း Reno3 Pro နဲ့ Reno3 Pro Vitality Edition တွေကိုတော့ နိုင်ငံတကာဈေးကွက်မှာ Find X2 Neo နဲ့ Find X2 Lite အဖြစ် နာမည်ပြောင်းပြီး ဖြန့်ချိခဲ့တာပါ။ FCC အရဆိုရင်တော့ Reno4 5G နဲ့ Reno4 Pro 5G တွေဟာ မူလနာမည်အတိုင်း ထွက်လာမယ်လို့ ပြောနိုင်ပါတယ်။
Ref: Gizmochina