realme X7 နဲ့ X7 Pro ကို စက်တင်ဘာလ ၁ ရက်နေ့မှာ ကြေညာတော့မယ်လို့ ထင်ရပြီး အဲဒီဖုန်းတွေကို တရုတ်နိုင်ငံပြင်ပ တခြားနိုင်ငံတွေမှာ realme 7 , 7 Pro နာမည်နဲ့ ရောင်းချမှာ ဖြစ်ပါတယ်။ အခုတော့ အဲဒီ စမတ်ဖုန်းတွေအတွက် 6GB RAM နဲ့ 8GB RAM Version တွေ ထွက်လာမှာဖြစ်ပြီး 128GB Storage ပါမယ်လို့ သတင်းထွက်လာပါတယ်။

realme 7 အတွက် Memory ၃ မျိုးထုတ်လုပ်ထားမှာ ဖြစ်ပြီး 6/64 GB, 6/128 GB, 8/128 GB တွေ ဖြစ်ပါတယ်။ Mirror Blue နဲ့ Mirror Silver ၂ ရောင် ထုတ်လုပ်ထားမှာပါ။ Pro Version အတွက် 6/128GB နဲ့ 8/128GB ၂ မျိုး ထုတ်လုပ်ထားမှာ ဖြစ်ပြီး Mirror Blue နဲ့ Mirror Silver ၂ ရောင် ရွေးချယ်နိုင်မှာပါ။

realme က တူညီတဲ့ အရောင်တွေအတွက် မတူညီတဲ့ နာမည်တွေ ပေးလေ့ရှိသလို ကွဲပြားတဲ့ Pattern တွေ အသုံးပြုလေ့ရှိပါတယ်။ ဥပမာအနေနဲ့ realme 6 ကို Shooting Star ဒီဇိုင်းနဲ့ realme 6 Pro ကို Bolt of Lightning ဒီဇိုင်း ပြုလုပ်ထားပါတယ်။

realme 7 နဲ့ 7 Pro အပြင် Ultra မော်ဒယ်ပါ မိတ်ဆက်လာနိုင်တယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေပါတယ်။

Ref : gsmarena