Asus က စွမ်းရည်မြင့် ZenFone 7 နဲ့ 7 Pro ကို မကြာခင်ကမှ ပူပူနွေးနွေး ကြေညာထားပြီး ကင်မရာ App ကနေ အဆင့်မြင့် အသံတွေနဲ့ လုပ်ဆောင်ချက်တွေ ဖမ်းယူပေးဖို့ မိုက်ကရိုဖုန်း ၃ လုံး တပ်ဆင်ထားပါတယ်။ ဒါပေမယ့် နယ်နယ်ရရ Audio Processing ကို အသုံးပြုထားတာ မဟုတ်ပါဘူး။ Nokia ရဲ့ OZO Audio နည်းပညာ ဖြစ်ပါတယ်။

Nokia OZO Audio မှာ အလန်းစား လုပ်ဆောင်ချက်တွေ အများကြီးပါပါတယ်။ Wind Filter က လေတိုက်တဲ့ ဆူညံသံတွေကို ဖယ်ရှားပေးတဲ့အတွက် အသံကြည်လင်ပြတ်သားစေပါတယ်။ Mic Focus က ကင်မရာ Zoom ဆွဲတဲ့နေရာက အသံ အရင်းအမြစ်ကို ဖမ်းယူပေးနိုင်ပါတယ်။ Zoom ဆွဲထားတဲ့ နေရာ ပတ်ဝန်းကျင်ကို ဖြန့်ကျက်ပြီး အသံဖမ်းယူချင်ရင် Acoustic Focus ကို အသုံးပြုနိုင်ပါတယ်။ Pro Video Mode မှာ Acoustic Focus ရှိပါတယ်။

Asus ROG Phone 3 မှာလည်း Nokia OZO နည်းပညာကို ကင်မရာ အတွက် အသုံးပြုထားပါတယ်။ OZO VR ဌာနကို ပိတ်သိမ်းခဲ့ပြီးနောက်မှာ OZO Audio Team ဟာ သူတို့ရဲ့ နည်းပညာတွေကို ကုမ္ပဏီများထံ မျှဝေခဲ့ပါတယ်။ အခုဆိုရင် Asus, OPPO နဲ့ OnePlus တို့ကလည်း Nokia ရဲ့ နည်းပညာကို အသုံးပြုနေကြပါတယ်။

Ref : gsmarena