Nokia Power Earbuds BH-605 ဟာ ဒီနှစ်ဆန်းပိုင်းတုန်းက ဈေးကွက်ထဲကို စတင်မိတ်ဆက် ဖြန်ချိခဲ့တာပါ။ ၅ နာရီဆက်တိုက် သီချင်းနားထောင်နိုင်သလို Case နဲ့ဆိုရင်လည်း နာရီ ၁၅၀ ကြာ သီချင်းနားထောင်နိုင်တဲ့ ဒီ Power Earbuds တွေဟာ ဒီဇိုင်းပိုင်းမှာ အလန်းကြီးမဟုတ်ပေမယ့် အသံအရည်အသွေးပိုင်းမှာတော့ မျက်စိကျချင်စရာ ဖြစ်ပါတယ်။

အကယ်၍ ဒီဇိုင်းပိုင်းက သိပ်အရေးမကြီးဘူး၊ ဘာဖြစ်ဖြစ်ရတယ်၊ အသံထွက်အရည်အသွေးနဲ့ ဘက်ထရီစွမ်းဆောင်ရည်ကပဲ အရေးပါတယ်ဆိုရင်တော့ ယူရိုငွေ ၉၀ (၁ သိန်း ၄ သောင်းခွဲဝန်းကျင်) လောက်နဲ့ Nokia Power Earbuds ဟာ ထည့်သွင်းစဉ်းစားရမယ့်ထဲမှာ ပါဝင်ပါလိမ့်မယ်။ ဒါပေမယ့် ကုမ္ပဏီက ဒီ Power Earbuds ကိုပဲ Lite ဗားရှင်းအနေနဲ့ ထုတ်လုပ်ရောင်းချဦးမှာကို တွေ့လာရပါတယ်။

အကြောင်းက Nokia Power Earbuds Lite ဗားရှင်းဟာ Bluetooth SIG မှာ Certified ဖြစ်နေတာကြောင့်ပါပဲ။ ဒါကြောင့် မကြာခင်အချိန်အတွင်း Lite ဗားရှင်းကို ဖြန့်ချိတော့မယ်လို့ ပြောနိုင်ပါတယ်။ မော်ဒယ်နံပါတ်အရ BH-405 အဖြစ်တွေ့ရပါတယ်။ ဒါ့အပြင် Bluetooth 5.0 chip နဲ့နှိုင်းယှဉ်ရင် ပိုကောင်းတဲ့ ဆက်သွယ်မှုနဲ့ စွမ်းအင်သုံးစွဲမှုကိုလျော့နည်းစေမယ့် Bluetooth 5.1 ဖြစ်နေတာကိုလည်း တွေ့မြင်ရပါတယ်။

ဒါကြောင့် Nokia Power Earbuds ဗားရှင်းသစ်ဟာ ၅ နာရီထက်ကြာအောင် သီချင်းနားထောင်နိုင်မယ်လို့ မျှော်လင့်ရပါတယ်။ Case က 30,00mAh ဘက်ထရီကတော့ နောက်ထပ် နာရီပေါင်း ၁၅၀ ကျော်ကို အပိုဆောင်းပေးမယ်လို့ ယုံကြည်ရပါတယ်။ ဒါပေမယ့် ဈေးနှုန်းသက်သာနိုင်တဲ့ ဒီဗားရှင်းသစ်ဟာ မူလ Power earbuds နဲ့ တူညီတဲ့ အင်္ဂါရပ်တွေ ဆက်ပြီးပါဝင်နေဖို့တော့ လိုအပ်ပါတယ်။

HMD Global ဟာ IFA 2020 မှာ ဈေးနှုန်းသက်သာတဲ့ Mid-range တွေဖြစ်တဲ့ Nokia 2.4, 3.4, 6.3 နဲ့ 7.3 တွေကိုပြသမှာဖြစ်ပြီး ဒီပွဲမှာ Nokia Power Earbuds Lite လည်း ပါဝင်လာဖွယ်ရှိနေပါတယ်။ ဒါကြောင့် လာမယ့် စက်တင်ဘာလ ၃ ရက်နေ့မှာ အမှန်တကယ်ပွဲထွက်လာမလားဆိုတာ စောင့်ကြည့်ရမှာပါ။

Ref: GSM Arena