realme ကနေ ပြီးခဲ့တဲ့လပိုင်းတုန်းက V5 5G နာမည်နဲ့ V Series စမတ်ဖုန်းတစ်လုံးကို မိတ်ဆက်ခဲ့ပါတယ်။ အခုလည်း realme V3 5G ဆိုပြီး နောက်ထပ် V Series ဖုန်းတစ်လုံးကို မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ realme V3 5G ဟာ လက်ရှိအချိန်မှာ စျေးအသက်သာဆုံး 5G ဖုန်းလို့တောင် ပြောလို့ရနေပါပြီ။

ဘာကြောင့်လဲဆိုရင် realme V3 5G ဖုန်းဟာ စျေးနှုန်းအနေနဲ့ 999 Yuan (မြန်မာငွေ ၂ သိန်းဝန်းကျင်) ကနေ စတင်ရောင်းချသွားမှာပဲဖြစ်ပါတယ်။ Performance ပိုင်းအတွက်လည်း MediaTek ရဲ့ Chipset အသစ်ဖြစ်တဲ့ Dimensity 720 Chipset ကို အသုံးပြုထားပြီး အနိမ့်ဆုံး RAM 6GB + 64GB ကနေ အမြင့်ဆုံး RAM 8GB + 128GB အထိ ရွေးချယ်နိုင်မှာဖြစ်ပါတယ်။

Display အနေနဲ့ကတော့ 6.5″ HD+ Display ကိုပဲ ထည့်သွင်းထားပြီး Selfie Camera အတွက် Waterdrop Notch Design ပြုလုပ်ထားတာဖြစ်ပါတယ်။ Triple Camera Setup ကိုထည့်သွင်းထားပြီး 13MP + 2MP + 2MP Sensor တွေပါဝင်မှာပါ။ Selfie Camera အနေနဲ့ကတော့ 8MP Sensor ကိုပဲ အသုံးပြုထားပါတယ်။

Battery ပိုင်းအနေနဲ့ကတော့ 5000mAh Battery ပါဝင်မှာဖြစ်ပြီး USB-C ကနေတစ်ဆင့် 18W Fast Charging ကို Support ပြုလုပ်မှာဖြစ်ပါတယ်။ အရောင်အနေနဲ့ကတော့ Gray နဲ့ Black ဆိုပြီး ၂ မျိုး ရွေးချယ်နိုင်မှာပါ။

စျေးနှုန်းအနေနဲ့ကတော့ RAM 6GB + 64GB ကို 999 Yuan (မြန်မာငွေ ၂ သိန်းဝန်းကျင်) ၊ RAM 6GB + 128GB ကိုတော့ 1,399 Yuan (မြန်မာငွေ ၂ သိန်း ၇ သောင်းဝန်းကျင်) နဲ့ RAM 8GB + 128GB ကိုတော့ 1,599 Yuan (မြန်မာငွေ ၃ သိန်း ၁ သောင်းဝန်းကျင်) ကျသင့်မှာဖြစ်ပါတယ်။

Ref – Gizmo China