Qualcomm ကနေ အခုအချိန်မှာ Mid Range စျေးကွက်အတွက်ပါ 5G Chipset တွေကို အများအပြားထုတ်လုပ်နေပြီဖြစ်ပါတယ်။ နောက်ဆုံးအနေနဲ့ လူသုံးများနေတဲ့ Snapdragon 765G အပြင် Snapdragon 690 Chipset ကို 5G Support အနေနဲ့ မိတ်ဆက်ထားတာဖြစ်ပါတယ်။

အခုလည်း Qualcomm ကနေ စျေးပိုသက်သာတဲ့ Mid Range နဲ့ Budget ဖုန်းတွေအတွက်ပါ 5G Chipset တွေကို မိတ်ဆက်သွားတော့မယ်လို့သိရပါတယ်။ ဒါကလည်း လာမယ့် Snapdragon 400 Series Chipset တွေမှာပါ 5G Support ကိုရရှိလာမယ်လို့ တရားဝင်ပြောကြားခဲ့တာပဲဖြစ်ပါတယ်။

ဒါပေမယ့်လည်း Qualcomm ကနေ အဆိုပါ Snapdragon 400 Series Chipset အသစ်တွေကိုတော့ တရားဝင်မိတ်ဆက်သွားခြင်းမရှိသေးပါဘူး။ ဖြစ်နိုင်တာကတော့ လက်ရှိ MediaTek ကနေ မိတ်ဆက်ထားတဲ့ Dimensity 720 Chipset တွေနဲ့ အဓိကယှဥ်ပြိုင်သွားနိုင်ပါတယ်။ စျေးနှုန်းအနေနဲ့ကတော့ အဆိုပါ Snapdragon 400 Series Chipset အသုံးပြုထားတဲ့ဖုန်းတွေက $150 နဲ့ $200 ဝန်းကျင်ကနေ စတင်မှာဖြစ်တယ်လို့ သိရပါတယ်။

ဖြစ်နိုင်ခြေရှိတာကတော့ လာမယ့် ၂၀၂၁ ခုနှစ်အစောပိုင်းကျမှပဲ Motorola ၊ OPPO နဲ့ Xiaomi တို့ကနေ Snapdragon 400 5G Chipset အသုံးပြုထားတဲ့ စမတ်ဖုန်းတွေကို မိတ်ဆက်လာဖို့များနေပါတယ်။

ဒါတင်မဟုတ်သေးဘဲ Qualcomm ကနေ Windows 10 PC တွေအတွက် စွမ်းဆောင်ရည်ပိုကောင်းလာတဲ့ Snapdragon 8cx Gen 2 Chipset ကိုပါ မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ Chipset အသစ်ဟာ Intel 10th Gen Core i5 Processor ထက်တောင် ပိုပြီး စွမ်းဆောင်ရည်ကောင်းမွန်မယ်လို့ သိရပါတယ်။ နောက်ထပ်လည်း TWS Earbuds တွေအတွက် Adaptive Active Noise Cancellation (ANC) နည်းပညာကိုပါ ကြေညာခဲ့ပါတယ်။

Ref – Android Authority