Huawei က Developer Conference မှာ EMUI 11 ကို ကြေညာလိုက်ပြီး Android 11 မဟုတ်ဘဲ Android 10 ကို အခြေပြုထားတာပါ။ Visual , Animation နဲ့ လုပ်ဆောင်ချက် အသစ်တွေ ပါလာတဲ့အတွက် ဆန်းသစ်တဲ့ အတွေ့အကြုံကို ခံစားရမှာပါ။
Dr. Wang Chenglu introduces EMUI 11 with a refreshed look and features that put you at the heart of the digital experience. #HDC2020 pic.twitter.com/318B1bCsf9
— Huawei Mobile (@HuaweiMobile) September 10, 2020
EMUI 11 ရဲ့ အကြီးမားဆုံး တိုးတက်ပြောင်းလဲမှု ၁ ခုက Multi-window နဲ့ Split-screen စွမ်းရည် ဖြစ်ပါတယ်။ အခုဆိုရင် ၂ ခုစလုံးကို အလယ်မှာ ပြသထားတဲ့အတွက် User တွေ သုံးရတာ ပိုလွယ်လာပါတယ်။ Smart Multi-Window Sidebar ကို သုံးဖို့ Gesture ပါလာပြီ ဖြစ်ပြီး App or Menu တိုင်းကနေ ဆင့်ခေါ်နိုင်ပါတယ်။ Sidebar မှာ သင့်အကြိုက် App တွေကို ပြသပေထားပြီး Drag-and-drop Gesture နဲ့ နေရာချကာ Multi-tasking လုပ်နိုင်ပါတယ်။ Window တွေရဲ့ အရွယ်အစားကို ချိန်ညှိနိုင်ပါတယ်။
Always-on Screen မှာ Customization Options အသစ်တွေ ပါလာပြီး စတိုင်အသစ်တွေနဲ့ Animated Always-on Display တွေကိုပါ ရွေးချယ်နိုင်ပါတယ်။ Menu တွေမှာ Navigate လုပ်တဲ့အခါ High-refresh-rate Display အတွက် Animation ကို စွမ်းရည်မြှင့်ပေးနိုင်ပါတယ်။ Animation တွေ ပိုချောမွတ်ပြီး မြန်စေတဲ့အတွက် မျက်စိပသာဒ ပိုရှိစေပါတယ်။
Multi-screen Collaboration 3.0 ဟာ အခုဆိုရင် EMUI 11 ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာတဲ့အတွက် သင့်ဖုန်းနဲ့ MateBook ကို Sync လုပ်ပြီးတာနဲ့ Android App ၃ ခုအထိကို ပီစီကနေ ထိန်းချုပ်နိုင်မှာပါ။ System App တွေ Permission ကို ကိုင်တွယ်တဲ့ စနစ်ပိုကောင်းလာပါတယ်။ ဥပမာပြောရရင် Foreground က App ၁ ခုဟာ သင့်ဖုန်းက မိုက်ကရိုဖုန်း၊ GPS ၊ ကင်မရာတွေကို သုံးနေတယ်ဆိုရင် Status Bar မှာ အသိပေးမှာပါ။
EMUI 11 ကို အခုကစပြီး Huawei ဖုန်း အသစ်အားလုံးမှာ ထည့်သွင်းထားမှာ ဖြစ်ပြီး Final Version ကို မကြာခင် P40 နဲ့ Mate 30 Series တွေအတွက် ဖြန့်ချိတော့မှာပါ။ Android 11 အခြေပြု EMUI 11 Version ကို ဖြန့်ချိမယ့်အချိန်ဟာ စီးပွားရေး ပိတ်ဆို့မှုကြောင့် နောက်ကျမှာပါ။ Huawei ဟာ Google ရဲ့ Android 11 Source Code ကို စောစောစီးစီး ရခွင့် မရှိတော့လို့ ဖြစ်ပါတယ်။
Ref : gsmarena