Samsung ရဲ့ လာမယ့် Flagship ဖြစ်တဲ့ S21 Ultra ဟာ S Pen ပါဝင်လာမယ်လို့ သတင်းထွက်နေပြီး Galaxy S21 ရဲ့ Render ပုံရိပ်တွေမှာလည်း S Pen ကို ထည့်သွင်းဖော်ပြခဲ့ပါတယ်။ ဒါကြောင့် Galaxy S21 စီးရီးအားလုံးမှာ S Pen တွေနဲ့ မြင်တွေ့ရဖွယ်ရှိနေတာ ဖြစ်ပါတယ်။
အခုတော့ GalaxyClub ဟာ ဟန်းဆက်ရဲ့ မော်ဒယ်နံပါတ်အပြင်၊ ဘက်ထရီပမာဏ ကိုလည်း အတွင်းသတင်းရင်းမြစ်ကို ကိုးကားပြီး ဖော်ပြလာပြီ ဖြစ်ပါတယ်။ GalaxyClub ရဲ့ ဖော်ပြချက်အရ Galaxy S21 Ultra ရဲ့ ဘက်ထရီဟာ S20 Ultra ရဲ့ ဘက်ထရီပမာဏနဲ့ တူညီနေတာကို တွေ့မြင်ရပါတယ်။
မော်ဒယ်နံပါတ် EB-BG998ABY ဟာ 4,885mAh ဘက်ထရီကို တပ်ဆင်ထားတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ပုံမှန်စွမ်းရည်ဟာ 5,000mAh ဖြစ်ပြီး S20 Ultra နဲ့ တူညီတယ်လို့ ဆိုနိုင်တာ ဖြစ်ပါတယ်။ တစ်ဖက်မှာတော့ Galaxy S21 နဲ့ S21+ တို့ရဲ့ ဘက်ထရီပမာဏတွေကတော့ အရင် S20 တွေနဲ့နှိုင်းယှဉ်ရင် ပိုကောင်းလာတာကို တွေ့ရပါတယ်။
အခြားအကြောင်းပြချက်တစ်ခုက တိုးတက်ပြောင်းလဲလာတဲ့ 5nm Exynos နဲ့ Snapdragon chipset တွေဟာ ပိုပြီးတော့ ထိရောက်တဲ့စွမ်းဆောင်ရည်ကို ယူဆောင်လာမှာဖြစ်တဲ့အတွက် ဘက်ထရီသက်တမ်းကိုလည်း ပိုပြီးတော့ ကြာရှည်လာစေမယ်လို့ မျှော်လင့်နိုင်ပါတယ်။ ဒါကြောင့် ဘက်ထရီပမာဏကို ပြောင်းလဲဖို့မလိုအပ်ဘူးလို့လည်း ယူဆနိုင်ပါတယ်။
Ref: GSM Arena