Google ကနေ လာမယ့်စက်တင်ဘာလ ၃၀ ရက်နေ့မှာ Pixel 4a 5G နဲ့ Pixel 5 ဖုန်းတွေအပြင် တခြား Product တွေအများအပြားကို တရားဝင်မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ အဆိုပါ Product တွေထဲမှာ Google Chromecast ကိုမှ Android TV ပါ အသုံးပြုနိုင်မယ့် Product အသစ်လည်း ပါဝင်မယ်လို့ သိရပါတယ်။ Google Chromecast with Google TV လို့ နာမည်ပေးထားတယ်လို့ သိရပါတယ်။ အခုလည်း အဆိုပါ Product ရဲ့ Render ဓါတ်ပုံတွေက ထွက်ပေါ်လာပြီဖြစ်ပါတယ်။

အဆိုပါ Render ဓါတ်ပုံတွေအရ Google Chromecast ကိုမှ Remote Control ပါတွဲပြီးပါဝင်လာမှာဖြစ်ပါတယ်။ Remote ပေါ်မှာလည်း Google Assistant ၊ YouTube ၊ Netflix နဲ့ Mute Button လိုမျိုး အသုံးဝင်တဲ့ Shortcut Key တွေပါဝင်တာကိုတွေ့ရပါတယ်။ အပေါ်ဘက်မှာတော့ System Navigation အတွက် D-Pad ကိုထည့်သွင်းပေးထားပါတယ်။

Specification တွေအရတော့ Amlogic S905X2 Chipset ကိုအသုံးပြုထားပြီး RAM 2GB ပါဝင်မှာဖြစ်ပါတယ်။ Internal Storage အနေနဲ့ကတော့ နည်းပါးတယ်လို့ သိရပြီးတော့ အတိအကျကိုတော့ ဖော်ပြထားခဲ့ခြင်းမရှိပါဘူး။

အဓိက Dongle မှာတော့ HDMI Cable ၊ Status LED ၊ Reset Button နဲ့ Power အတွက် USB Port တွေပဲ ပါဝင်မှာဖြစ်ပါတယ်။ အဲ့ဒီအတွက် External Storage Device တွေနဲ့တော့ ချိတ်ဆက်နိုင်အသုံးပြုနိုင်မှာမဟုတ်ဘဲ Streaming သီးသန့်အသုံးပြုရမှာပါ။

Google Chromecast with Google TV ဟာ စျေးနှုန်းအနေနဲ့ ၄၉ ဒေါ်လာ (မြန်မာငွေ ၆သောင်းခွဲ ဝန်းကျင်) နဲ့ ရောင်းချသွားမယ်လို့ သိရတဲ့အတွက် လက်ရှိ Chromecast တွေထက်တောင် ပိုပြီး အသုံးဝင်မယ့် Device တစ်ခုဖြစ်လာမှာပါ။ 4K Support ကိုပါ ရရှိလာနိုင်မလားဆိုတာကတော့ တရားဝင်မိတ်ဆက်တဲ့အချိန်ကိုပဲ ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – Gizmo China