OPPO ဟာ မကြာသေးခင်ကပဲ F17 Pro နဲ့ Reno 4 Pro 4G တို့ကို အိန္ဒိယဈေးကွက်ထဲမှာ မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိထွက်ပေါ်နေတဲ့သတင်းတွေအရတော့ OPPO F17 Pro ကို ဥရောပဈေးကွက်ထဲမှာ OPPO Reno 4 Lite အဖြစ် ဖြန့်ချိမယ်လို့ သိရပါတယ်။

Tipster Sudhanshu Ambhore ကတော့ Reno 4 Lite ဟာ အနက်နဲ့ အပြာရောင် နှစ်မျိုးရှိတာကို ပြသခဲ့ပါတယ်။ ဒါ့ပြင် ဒီဟန်းဆက်ရဲ့ ဈေးနှုန်းနဲ့ပတ်သက်တဲ့ အချက်အလက်အချို့ကိုလည်း မျှဝေခဲ့ပါသေးတယ်။ Render တွေအရဆိုရင်တော့ OPPO Reno 4 Lite ဟာ Capsule-shape-punch-hole နဲ့ဖြစ်ပြီး ကျောဘက်ကင်မရာလေးလုံးကတော့ စတုရန်းပုံစံအိမ်ထဲမှာ ဖြစ်ပါတယ်။

တကယ်တော့ ဒီ Render ပုံအရ Reno 4 Lite ဟာ F17 Pro ရဲ့ ပုံနဲ့အတူတူပဲလို့ ပြောနိုင်ပါတယ်။ Tipster ရဲ့ ပြောဆိုချက်အရ ဒီ Reno 4 Lite ကို 8GB RAM + 128 GB နဲ့ 8GB RAM + 256GB ဆိုပြီး အမျိုးအစားနှစ်မျိုး ရွေးချယ်နိုင်ကြောင်း သိရပါတယ်။ အခြေခံမော်ဒယ်ကတော့ ယူရို ၃၀၀ အောက် ( ၄ သိန်းခွဲ) ဝန်းကျင်ဖြစ်ပြီး ပိုမြင့်တဲ့အမျိုးအစားကတော့ ယူရို ၄၅၀ နဲ့ ၅၀၀ (၆ သိန်းခွဲနဲ့ ၇ သိန်း) ကြားမှာ ရှိနိုင်တယ်လို့ ဆိုပါတယ်။

OPPO ဟာ Reno 4 Pro 4G ကို လာမယ့် အောက်တိုဘာလ ၁ ရက်နေ့မှာ ဥရောပဈေးကွက်ထဲ ကြေညာမှာ ဖြစ်ပါတယ်။ Reno 4 Lite ကလည်း ဒီကြေညာမှုမှာ တစ်ပါတည်း ပါဝင်လာမယ်လို့ မျှော်လင့်ရပါတယ်။ ဒါ့အပြင် Reno 4 Lite ကို အရှေ့တောင်အာရှဈေးကွက်တွေမှာ OPPO A93 အနေနဲ့ ရောင်းချဖွယ်ရှိတယ်လို့လည်း ဆိုပါတယ်။

OPPO Reno 4 Lite ဟာ 6.43-inch S-AMOLED display, Full HD+ resolution နဲ့ဖြစ်ပြီး In-display fingerprint လည်း ပါဝင်မယ်လို့ သိရပါတယ်။ MediaTek Helio P95 chipset နဲ့ LPDDR4x RAM, UFS 2.1 storage တို့ကို တွဲဖက်ပေးထားမှာ ဖြစ်ပါတယ်။ အရှေ့ဘက် Selfie ကင်မရာတွေကတော့ 16MP+2MP (depth) တွေဖြစ်ပြီး ကျောဘက်မှာတော့ 48MP အဓိကင်မရာ၊ 8MP (ultrawide) နဲ့ 2MP ကင်မရာနှစ်လုံးတို့ ပါဝင်မှာ ဖြစ်ပါတယ်။ ဘက်ထရီကတော့ 4,015mAh ဖြစ်ပြီး 30W VOOC 4.0 ကို ထောက်ပံ့ထားမှာ ဖြစ်ပါတယ်။

Ref: Gizmochina